ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင်စောင့်ကြည့်လူနာများအား နှာခေါင်းတို့ဖတ်၊ အာ ခေါင်တို့ဖတ် ရယူခြင်း လုပ်ငန်းများဆောင်ရွက်

ဒဂုံမြောက် စက်တင်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ Community Based Facility Quarantine Centre များတွင် ထားရှိသောစောင့်ကြည့်လူနာများအား ယနေ့နံနက်ပိုင်းတွင် နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်များ ရယူစစ်ဆေးပေးခဲ့ကြောင်းသိရသည်။

အဆိုပါ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ရယူဆောင်ရွက်ခြင်းလုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီကမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် စစ်ဆေးချက်များအား အမှတ်(၄၂)ရပ်ကွက်ရှိ မဟာဂန္ဓာရုံကျောင်းတိုက်တွင် Community Based Facility Quarantine Centre တွင်ထားရှိသော စောင့်ကြည့်လူနာ ၇၅ ဦးနှင့် အမှတ်(၅၀)ရပ်ကွက်ရှိ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေးကျောင်းမှ စောင့်ကြည့်လူနာ ၂၃ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၃ ဦး စုစုပေါင်း ၁၀၁ ဦးအား စစ်ဆေးချက်ယူခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် Quarantine Centre သုံးခု ဖွင့်လှစ်ထားရှိရာ (၄၂) ရပ်ကွက်ရှိ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းတွင်လည်း Quarantine Centre အဖြစ် ထပ်မံ ပြင်ဆင်ဆောင်ရွက် ထားရှိပြီး၊ အမှတ်(၁၆) ရပ်ကွက်ရှိ မြို့ဦးစေတီ၊ ဘူတာရုံဓမ္မရိပ်သာ ကျောင်းတိုက်တွင် ထားရှိသော စောင့်ကြည့်လူနာ (၄၄)ဦးမှာ ၂၈.၉.၂၀၂၀ ရက်နေ့တွင် Quarantine ဝင်ရောက်မှု ၁၄ ရက်ပြည့်သဖြင့် Home Quarantine နေထိုင်နေပြီ ဖြစ်ကြောင်း သိရသည်။

မြင့်မြင့်ရီ(ပြန်/ဆက်)