မြန်အောင် စက်တင်ဘာ ၂၉
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း မြန်အောင်ရေနံမြေ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ် HDD Entry Point မှ မြန်အောင် Gas Turbine မီးစက်ကြီးအထိ (၁၀) လက်မ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း အရှည် (၃)မိုင် ဆက်သွယ်ခြင်းလုပ်ငန်းကြောင့် သီးနှံပျက်စီးမှုများအားသီးနှံလျော်ကြေးငွေ ပေးအပ်ခြင်းကို ယနေ့နံနက်က မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
သီးနှံလျော်ကြေးငွေ ပေးအပ်ခြင်းနှင့်ပတ်သက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချိုချိုနှင့် မြန်အောင်ရေနံမြေအထွေထွေမန်နေဂျာ ဦးလှမြင့်တို့က HDD Entry Point မှ မြန်အောင် Gas Turbine မီးစက်ကြီးအထိ (၁၀) လက်မ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းအရှည် (၃)မိုင် ဆက်သွယ်ခြင်းလုပ်ငန်းကြောင့် သီးနှံပျက်စီးမှုအပေါ် လျော်ကြေးငွေပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့ကြသည်။
HDD Entry Point မှ မြန်အောင် Gas Turbine မီးစက်ကြီးအထိ (၁၀) လက်မ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း အရှည် (၃)မိုင် ဆက်သွယ်ခြင်းလုပ်ငန်းကြောင့် သီးနှံပျက်စီးမှုများအား သီးနှံလျော်ကြေးငွေကို မြန်အောင်မြို့ မြို့မတဲကြီးကုန်း ကျေးရွာအုပ်စု နှင့်ညောင်မြစ်ဆွဲကျေးရွာအုပ်စုတို့မှ တောင်သူ (၃၁)ဦး၏ စပါး/နှမ်း (၆.၃၃)ဧကအတွက် သီးနှံလျှော်ကြေးငွေ (၅,၃၄၀,၉၀၀)ကျပ်ကို တောင်သူများအား ပေးအပ်ခဲ့ကြောင်းသိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်)