လပွတ္တာ၌ နှာခေါင်းစည်းနှင့်မျက်နှာအကာ စနစ်တကျ တပ်ဆင်ရန် သက်ဆိုင်ရာမှ ညွှန်ကြား

လပွတ္တာ  စက်တင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်းရှိ စည်ပင်သာယာရေးပိုင် စျေးများတွင် ယနေ့မှစ၍ စျေးရောင်းချသူများအား နှာခေါင်းစည်းသာမက maskနှင့် face shield ကို စနစ်တကျ တပ်ဆင်ပြီး စျေးရောင်းချရန် သက်ဆိုင်ရာမှ ညွှန်ကြားကြောင်း သိရသည်။

အဆိုပါ စျေးရောင်းချသူများသည် နှာခေါင်းစည်းများကို စနစ်တကျ တပ်ဆင်ထားသူများကိုသာ စျေးအတွင်းသို့ ဝင်ခွင့်ပြုရန် စျေးရောင်းသူများအားလုံး နှာခေါင်းစည်း တပ်ဆင်ရမည့်အပြင် မျက်နှာအကာ face shield များကို စနစ်တကျ တပ်ဆင်ကျရန်၊ စျေးများတွင် လက်ဆေးရန်နေရာ၊ ဆပ်ပြာနှင့်ရေ စီစဉ်ထားရှိပေးရန်၊ စျေးရောင်းချသူ တစ်ဦးနှင့်တစ်ဦး တတ်နိင်သမျှ အနည်းဆုံး (၆)ပေ အကွာမှ ရောင်းချနိင်ရန် စီစဉ် သတ်မှတ်ပေးပါရန်၊ နှာချေ၊ ချောင်းဆိုး၊  ဖျားနာနှင့် လတ်တလော အနံ့မရသူများကို စျေးရောင်းချခွင့် လုံးဝမပြုလုပ်စေရန် အချက်များကို သက်ဆိုင်ရာမှ ညွှန်ကြားချက် ထုတ်ပြန်ကြားကြောင်း သိရသည်။

ဝင်းကျော်မြင့် (လပွတ္တာ ခရိုင် ပြန်/ဆက်)