ဆိပ်ကြီးခနောင်တို   မြို့နယ်၊ မြို့မစျေးအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ဆိပ်ကြီးခနောင်တို စက်တင်ဘာ  ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် မြို့မစျေးအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုကို ယနေ့ နံနက်ပိုင်းမှစ၍  ဌာနဆိုင်ရာများနှင့် မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

အဆိုပါအသိပညာပေးလုပ်ငန်းဆောင်ရွက်မှုကို မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးဇော်ဝင်း ဦးဆောင်၍ မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များဌာနဆိုင်ရာများနှင့် စည်ပင်သာယာရေးဝန်ထမ်းများပူးပေါင်း၍ မြို့မစျေး အတွင်း စျေးရောင်းချသူ၊ စျေးဝယ်လာသူများ နှာခေါင်းစည်း(Mask)စနစ်တကျတပ်ရန်၊       စျေးရောင်းချသူ တစ်ဦးနှင့်တစ်ဦးတတ်နိုင်သမျှ အနည်းဆုံး(၆)ပေအကွာမှ ရောင်းချရန် ပစ္စည်း တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာဆေးကြောရန်၊ Stay At Home ကာလဖြစ်၍ အကြောင်းမဲ့ ပြင်ပသို့မထွက်ရန် နှင့် မိမိအိမ်တွင်သာနေထိုင်ရန် အသိပညာ ပေး လုပ်ငန်းများဆောင်ရွက်ခဲ့ပြီး စျေးအတွင်း ကုန်စည်ပြတ်လပ်မှုမရှိစေရေးအတွက် စျေး အကျိုးဆောင် များ၊ ကုန်စည်ရောင်းချသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဝေယံ(ဆိပ်ကြီးခနောင်တို)