ကိုကိုးကျွန်းမြို့နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်

ကိုကိုးကျွန်း စက်တင်ဘာ ၃၀


ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန့်ဇင် ဦးဆောင်၍ ကျန်မာရေး ဝန်ထမ်းများသည် ယနေ့ နံနက် ၉ နာရီအချိန်က ကိုကိုးကျွန်းမြို့နယ်ဆေးရုံတွင် သက်ကြီး ဘိုးဘွားများကို ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့သည်။    

                                   
ထိုသို့ကျန်မာရေးစောင့်ရှောက်ပေးရာတွင် သွေးတိုရောဂါ၊ ဆီးချိုရောဂါနှင့် အခြား အထွေထွေရောဂါများကို စမ်းသပ်ပေးပြီး လိုအပ်သည့် ဆေးဝါးများ၊ အားဆေး အမျိုးမျိုးကိုလည်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ ကျန်းရေးစောင့်ရှောက်ရာတွင် သက်ကြီးဘိုးဘွား ၃၉ ဦးရှိပြီး တစ်လတစ်ကြိမ် ပုံမှန်ပြုလုပ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကိုးကျွန်း (ပြန်/ဆက်)