ကွမ်းခြံကုန်း စက်တင်ဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ကွမ်းခြံကုန်းမြို့နယ်တွင်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ (Stay at Home) ညွှန်ကြားချက်အရမြို့နယ်အတွင်း အကြောင်းမဲ့ပြင်ပသွားလာမှုမရှိစေရေး၊ အရေးပေါ်အခြေအနေ ကိစ္စရပ်မရှိပဲ မြို့နယ်ကျော်သွားလာခြင်းများမရှိစေရေး အတွက်မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့်ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊လူမှုကူညီရေး အသင်းအဖွဲ့ဝင်များကပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိ ရသည်။
မြို့နယ်အတွင်းမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင်မလိုအပ်ပဲ ပြင်ပသွားလာမှုမရှိစေရေး အတွက်စစ်ဆေးရေး ဂိတ်များထားရှိပြီးတစ်အိမ် ထောင်လျှင်တစ်ယောက်သာဈေး ဝယ်ခွင့်ပြုခြင်း၊ မြို့မဈေးကြီး အတွင်းဈေး ရောင်းချိန်ကန့်သတ်ထားရှိခြင်း၊မြို့တွင်းလမ်းမများအပေါ်တွင်အကြောင်းမဲ့သွားလာ နေမှုများမရှိ စေရေး အတွက်သက်ဆိုင်ရာတာဝန်ရှိသူများ ကစစ်ဆေးကြပ်မတ်ခြင်း၊မြို့နယ် ကျော်သွားလာနေသောကုန်စည် ပို့ဆောင်နေသောယာဉ်များအားနယ်ကျော်ခရီးသွားလာခွင့် (QR Code Pass) စစ်ဆေးပြီးမှဝင်ထွက်ခွင့် ပြုခြင်းများ ကို သက်ဆိုင်ရာတာဝန်ရှိသူများက နေ့စဉ်အရှိန်အဟုန်မြှင့်ဆောင် ရွက်လျက်ရှိရာယခုအခါယခင် စည်ကားခဲ့သောလမ်းဆုံလမ်းခွများ၊မြို့တွင်း လမ်းမကြီးများပေါ်တွင်အသွားအလာနည်းပါးသွားပြီး (Stay at Home) ညွှန် ကြားချက်အတိုင်းပြည်သူများကလိုက်နာဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထွန်းထွန်းစိုး(ပြန်/ဆက်)