တွံတေး စက်တင်ဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ကုသရေးနှင့်ကူညီ ထောက်ပံရေးအဖွဲ့သို့ အလှူရှင်များမှ ပြည်တွင်း၊ပြည်ပပြန်များ Quarantine ဝင်သူများအားကျွေးမွေး ရန်နှင့်လိုအပ်ချက်များတွင် သုံးစွဲနိုင်ရေးအလှူရှင်များက ယမန်နေ့ နေလည်က နေရာအသီးသီးတွင် လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
ကိုဗစ်-၁၉ကူညီစောင့်ရှောက်ရေးအဖွဲ့အားကိုဗစ်-၁၉လုပ်ငန်းများဆောင်ရွက်မှုများ တွင်အသုံးပြုရန်အတွက် ရန်ကုန်မြို့ Galaxy 81 Engineering Co. Ltd မှ အင်ဂျင်နီယာမှူးကြီး ဦးစောမောင်မှအလှူငွေ(၅)သိန်းကျပ်၊ တွံတေးမြို့နယ်အတွင်းရှိအစ္စလာမ်ဘာသာဝင်အလှူရှင်များမှအလှူငွေ(၁၀)သိန်းကျပ်၊ ရန်ကုန်မြို့ဧရာဝတီဧဝရတ် ကုမ္ပဏီမှ ဦးအောင်ပိုင်ပိုင်ထွန်းးမိသားစုမှအလှူ ငွေ(၃)သိန်းကျပ်၊ဖိုးကုလားပု မိသားစုမှ အလှူငွေ(၄)သိန်းကျပ်၊ အ.ထ.က(၂)တွင်Quarantineဝင်နေသူ ကိုမောင်မောင်ကြည်မှအလှူငွေ (၂)သိန်းကျပ်၊ ဦးကျော်သောင်း မိသားစုမှ(၂)သိန်းကျပ်၊ပြည့်စုံငါးဒိုင်မှအ လှူငွေ(၃)သိန်းကျပ်၊ ဆေးရုံ Quarantineတွင် ဝင်နေသူမြေစာရင်း မိသားစုမှအလှူငွေတစ်သိန်းကျပ်၊ ထွန်းလင်းရောင်အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးမှ တစ်သိန်းကျပ်၊ ကိုထိန်လင်းမိသားစုမှ တစ်သိန်းကျပ်၊ ဒေါ်မြကြွေမိသားစုမှတစ်သိန်းကျပ်၊ ကိုရဲဇော်အောင် မိသားစုမှ တစ်သိန်းကျပ်၊ဦးဝင်းကြိုင်မိသားစုမှတစ်သိန်းကျပ်၊ ဦးနောင်သီဟထွန်းမိသားစုမှ တစ်သိန်းကျပ်တို့ ကို လှူဒါန်းရာတာဝန်ရှိသူများကလက်ခံရယူခဲ့ကြောင်းသိရသည်။
ထို့နောက်လှူဒါန်းမှုအတွက် ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှကျေးဇူးတင်စကားနှင့် ဂုဏ်ပြု မှတ်တမ်းလွှာ များပေးအပ်ခဲ့ကြောင်းသိရသည်။
မျိုးလှိုင်(တွံတေး)