စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့၌ ငွေပေးအလုပ်ပေးစနစ်(Cash for Work) စီမံကိန်းဖြင့် ဆောင်ရွက်ခဲ့သည့် ကျေးရွာ (၆)ရွာမှလုပ်ငန်းများ ရာခိုင်နှုန်းပြည့်ပြီးစီး

မော်လိုက် စက်တင်ဘာ    ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊မော်လိုက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင် အထည် ဖော်ဆောင်ရွက်ခဲ့သည့် Cash for Work စီမံကိန်းဖြင့် ဆောင်ရွက် ခဲ့သည့် ကျေးရွာ (၆)ရွာမှ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအားလုံး ရာခိုင်နှုန်း ပြည့်ပြီး စီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ် ဦးစီး မှူး ဦးဟန်မင်းဆွေထံမှ သိရသည်။

မော်လိုက်မြို့နယ်တွင် ကျေးရွာ တစ်ရွာလျှင် Cash for Work စီမံကိန်းရန်ပုံငွေ ကျပ် သိန်း (၁၀၀)ဖြင့် မန်နွဲကျေးရွာတွင် အရှည်ပေ(၂၅၀၀)ရှိ ကျေးရွာတွင်း ဂျင်းလမ်း ခင်းခြင်း၊ အရှည်ပေ (၁၈၀၀)ရှိ လမ်းဘေးရေးမြောင်းတူးဖော်ခြင်းနှင့် Slab Culvert တစ်စင်းကိုလည်းကောင်း၊ နန်းဖြူကျေးရွာတွင် အရှည်ပေ(၁၈၀၀)ရှိ ကျေးရွာတွင်း ဂျင်း လမ်းခင်းခြင်း၊ အရှည်ပေ(၄၄၀၀)ရှိ လမ်းဘေး ရေ မြောင်းတူးခြင်းနှင့် Slab Culvert နှစ်စင်းကိုလည်းကောင်း၊ ဆွတ်နန်းကျေးရွာတွင် အရှည်ပေ (၇၀၀)ရှိ လမ်း ဘေးကွန်ကရစ်ဘောင်ပြုလုပ်ခြင်းနှင့် အရှည်ပေ(၈၃၀)ရှိ ကျေးရွာတွင်း ဂျင်းလမ်းခင်း ခြင်းကိုလည်းကောင်း၊ ရွာတန်းရှည်ကျေးရွာတွင် အရှည်ပေ(၂၀၀၀)ရှိ ကျေးရွာတွင်း ဂျင်းလမ်းခင်း ခြင်း၊ အရှည်ပေ(၂၃၀၀)ရှိ လမ်းဘေးရေမြောင်းတူးခြင်းနှင့် Slab Culvert သုံးစင်းကိုလည်းကောင်း၊ ရွာသစ်ကျေးရွာတွင် အရှည်ပေ(၂၅၀၀)ရှိ ကျေးရွာ တွင်းဂျင်းလမ်းခင်းခြင်းနှင့် Slab Culvert (၆)စင်းနှင့် နားပင်+ကြို့ကုန်း+ ဝါးရုံကုန်း ကျေးရွာများတွင် အရှည်ပေ(၁၀၀၀)ရှိ ကြို့ကုန်း-နားပင် လမ်း ဂျင်းခင်းခြင်း၊ အရှည် ပေ(၂၃၀၀)ရှိ နားပင်ကျေးရွာလမ်းဘေးရေမြောင်းတူးခြင်း၊ အရှည်ပေ (၁၀၀)ရှိ ကြို့ ကုန်းကျေးရွာ ရေကာနံရံတည်ဆောက်ခြင်းနှင့် အရှည်ပေ(၂၀၀)ရှိ ဝါးရုံကုန်း ကျေးရွာ ရေကာနံရံ တည်ဆောက်ခြင်းလုပ်ငန်းများကို ဇူလိုင်လမှစတင်၍ အကောင် အထည် ဖော်ဆောင်ရွက် ယခုအခါ လုပ်ငန်းများအားလုံး ရာခိုင်နှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 “အဆိုပါ Cash for Work စီမံကိန်းသည် COVID-19ရောဂါကာလ စီးပွားရေးကုစားမှု အစီ အစဉ်ဖြင့် ဆောင်ရွက်စီမံပေးသော စီမံကိန်းတစ်ခုဖြစ်သည်နှင့်အညီ ဝင်ငွေ နည်း ပါးသည့် ကျေးလက် နေပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိပြီး မိသားစုဝင်ငွေများ တိုးပွားလာမည် ဖြစ်ကြောင်း” မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဟန်မင်းဆွေ ထံမှသိရသည်။

မော်လိုက်သားလေး