ဂန့်ဂေါမြို့နယ်တွင် မသန်စွမ်းသူများအား ထောက်ပံ့ငွေကြေးပေးအပ်

ဂန့်ဂေါ စက်တင်ဘာ ၃၀

ကိုဗစ်-၁၉ ကာလအတွင်း လူမှုဝန်ထမ်းဦးစီးဌာနက လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ် ဖြင့် မသန်စွမ်းသူများအား ထောက်ပံ့ငွေကြေးပေးအပ်ခြင်းကို ဂန့်ဂေါမြို့နယ်၊ မြင်သားကျေးရွာတွင် ယမန်နေ့နံနက်ပိုင်းက ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ပေးအပ်ရာတွင် ဂန့်ဂေါမြို့နယ် ကိုဗစ်-၁၉ရောဂါအရေးပေါ်ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းစိုးနှင့် ရပ်/ကျေးစာရေး ဒေါ်ခင်ခင်ဌေး တို့မှတစ်ဆင့် တစ်ဦးလျှင်(၃)သောင်းကျပ်နှုန်းဖြင့် မသန်စွမ်းသူ (၃၃)ဦးအား စုစုပေါင်းငွေကျပ် ၉၉၀၀၀၀ ကျပ်တိတိကို ၎င်းတို့၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ကြသည်။

ထိုသို့ရပ်ကွက်၊ ကျေးရွာများအလိုက် ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိကြောင်းနှင့် ဂန့်ဂေါမြို့နယ်တွင် စုစုပေါင်း မသန်စွမ်းသူ လူဦးရေ(၃၇၆)ဦးရှိကြောင်း သိရှိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)