ဇေယျာသီရိမြို့နယ်တွင် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆောင်ရွက်

ဇေယျာသီရိ စက်တင်ဘာ ၃ဝ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်သူစိုးက ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာရာတွင် ပိုမိုပြည့်စုံမှန်ကန်ရေးအတွက် ပထမအကြိမ်မဲစာရင်းကပ်ထားကြေညာချိန်တွင် တောင်းဆိုခြင်း၊ ကန့်ကွက်ခြင်း၊ ပြင်ဆင်ခြင်းများအား ဖြည့်စွက်ပြီး မဲဆန္ဒရှင်စာရင်းအားလုံးကို ယခုအောက်တိုဘာ ()ရက်နေ့မှ စတင်ကာ (၁၄)ရက်နေ့အထိ ကြေညာသွားမည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် လာရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်ပါက ပုံစံ() ပုံစံ() ပုံစံ(-)စသည့် သတ်မှတ်ပုံစံများဖြင့် လာရောက်လျှောက်ထား ဆောင်ရွက်နိုင်ကြောင်းနှင့် မဲစာရင်းတွင် လိုအပ်သည့် အချက်အလက်များပြည့်စုံမှန်ကန်တိကျမှုရှိစေရေးနှင့် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအား စံ()ချက်နှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တက်ရောက်လာသူများမှ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် ဆွေးနွေးပြောကြားသည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၏ တင်ပြချက်များအပေါ်  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးပေးခဲ့သည်။

ဇေယျာသီရိမြို့နယ်တွင် ရပ်ကွက် ()ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၃)အုပ်စုရှိပြီး   စုစုပေါင်းမဲရုံ (၇၄)ရုံ၊  မဲဆန္ဒရှင်စုစုပေါင်း (၇၉၀၂၉)ဦးခန့် ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်သူစိုးထံမှ သိရသည်။

သဲစုလွင် (ဇေယျာသီရိပြန်/ဆက်)