သန်လျင်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး Quarantine Center ပြင်ဆင်လှူဒါန်း

သန်လျင်   စက်တင်ဘာ ၃၀


ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြု ပိုးတွေ့လူနာများ၊ သေဆုံးမှု များရှိနေခြင်းကြောင့် လက်ရှိဖွင့်လှစ်ထားသော Quaratine Center များတွင် အခက်အခဲ ဖြစ်ပေါ် လျက်ရှိသည်။
သန်လျင်မြို့သူ၊ မြို့သားများ ကိုဗစ်ကာလ Quaratine ဝင်ရောက်ရသူများ အခက်အခဲမရှိ စေရန် သန်လျင်မြို့ ဖို့မြေလမ်းနေ ဦးအောင်သန်းဦး(ဥက္ကဋ္ဌ) မြန်မာနိုင်ငံ ဆန်စပါးကုန်သည် များအသင်း၊ နာယကသန်လျင်သာသနာ့ဗိမာန် ထိမ်းသိမ်းစောင့်ရှောက်ရေးအဖွဲ့+ ဒေါ်အေးမြင့် (ပင်လယ်ကိုးသွယ် ရောင်းဝယ်ရေးကုမ္ပဏီ)မိသားစုက သာသနာ့ဗိမာန်ဝင်း အတွင်း နှစ်ထပ်ဆောင်ကြီးတွင် လူဦးရေ(၁၂၀) ထားရှိနိုင်မည့် Quarantine Center ကို သုံးရက်နှင့်အပြီး ပြင်ဆင်ဆောက်လုပ်လျက်ရှိပြီး Quaratine ဝင်သူများ၏ တစ်ကိုယ်ရည် သုံးပစ္စည်းများ၊ အိပ်ယာနှင့်ပတ်သက်သော ပစ္စည်းများအပြင် နေ့စဉ် ကျွေးမွေးမည့် ကုန်ကျစရိတ်အားလုံးတို့အား တာဝန်ယူ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
သန်လျင်မြို့နယ်တွင် အတည်ပြုပိုးတွေ့လူနာများ များပြားလာချိန်၌ လိုအပ်လျက်ရှိသည့် Quarantine နေရာကို စီစဉ်ကူညီပေးခဲ့ပြီး ယနေ့မှစ၍ မြို့နယ်ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီသို့ လွှဲအပ်ပြီး လက်ခံဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းဝင်း(သန်လျင်)