ထီးလင်း စက်တင်ဘာ ၃၀
ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ် တားဆီးနိုင်ရေးအတွက် ဂန့်ဂေါခရိုင် ထီးလင်းမြို့ရှိ ပုဂ္ဂလိကအိမ်ဆိုင်များတွင် ဈေးရောင်းချရာ၌ နှာခေါင်းစည်း (Mask)နှင့် မျက်နှာကာ(Face Shield)များ တပ်ဆင် ရောင်းချရေး ယမန်နေ့နေ့လယ်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထီးလင်းမြို့ စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ဖွင့်လှစ် ရောင်းချလျက်ရှိသော ပုဂ္ဂလိက အိမ်ဆိုင်(စတိုးဆိုင်၊ ကုန်စုံဆိုင်)လုပ်ငန်းရှင်များအနေဖြင့် ဈေးရောင်းချရာတွင် နှာခေါင်းစည်း (Mask)နှင့်မျက်နှာကာ(Face Shield)များ တပ်ဆင် ရောင်းချရေးနှင့် ဈေးဝယ်သူများ အနေဖြင့်လည်း သိရှိလိုက်နာရေး စသည်တို့ကို ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်း၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဘွေကီးအောင်နှင့်ဝန်ထမ်းများ၊ မြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ မီးသတ်ဦးစီးဦးစီးဌာန တို့မှ တာဝန်ရှိသူများက စတိုးဆိုင် (၁၅)ဆိုင်၊ ကုန်စုံဆိုင် (၅)ဆိုင်၊ ဖုန်းဆိုင်(၂)ဆိုင်၊ ကုန်စိမ်းဆိုင်(၁)ဆိုင်၊ အိမ်ဆိုင်(၅)ဆိုင်၊ အပ်ချုပ်ဆိုင်(၁)ဆိုင် နှင့်ဆေးဆိုင်(၁)ဆိုင် တို့တွင် အသိပညာပေး ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အောင်စည်(ပြန်/ဆက်)