မော်လမြိုင်ခရိုင် လမိုင်းမြို့ရှိ အသက်(၈၀)နှစ်နှင့် အသက်(၈၅)နှစ် အထက်သက်ကြီး ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်

လမိုင်း  စက်တင်ဘာ ၃၀

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် လမိုင်းမြို့မြို့မ()ရပ်ကွက် အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား    လူမှုရေးပင်စင်ထောက်ပံ့ငွေများကို     ယနေ့ နံနက်ပိုင်းက   အိမ်တိုင်ရာရောက်လိုက်လံထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါထောက်ပံ့ ငွေများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊စတုတ္ထသုံးလပတ်ဖြစ်သည့် ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလအတွက် ဘိုးဘွားတစ်ဦးကိုတစ်လလျှင် ငွေကျပ်( ၁၀၀ ၀၀/-)နှုန်းဖြင့် သုံးလစာ ငွေကျပ် (၃၀၀၀၀/-) တိတိကို လမိုင်းမြို့ မြို့မ() ရပ်ကွက် အတွင်းရှိ သက်ကြီးဘိုးဘွား(၄၁)ဦးအား မြို့မ()အုပ်ချုပ်ရေးမှူးဦးမြင့်​​ဝေနှင့် တာဝန် ရှိသူများက ထောက်ပံ့ငွေများကို ဘိုးဘွားများ လက်ဝယ်သို့အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။တင်ဇာစိုး (လမိုင်း  ပြန်/ဆက်)