ဟားခါး စက်တင်ဘာ ၃၀
၂၀၂၀ပြည့်နှစ် ၊ နိုဝင်ဘာ(၈)ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်မှု နှင့်အတူ ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ သက်ဆိုင်ရာခရိုင်၊ မြို့နယ်၊ မြို့များ၊ ရပ်ကွက် ကျေးရွာကော်မရှင် အဖွဲ့ခွဲရုံးများနှင့် အများပြည်သူသွားလာသည့် လမ်းမကြီးများဘေးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်းများကို နောက်ဆုံးအကြိမ်အဖြစ် အောက်တိုဘာလ ၁ ရက်နေ့မှ (၁၄) ရက်ကြာ ထပ်မံကပ်ထား ကြေညာပေးသွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးထံမှ သိရှိရသည်။
ချင်းပြည်နယ်အတွင်း မဲဆန္ဒရှင်စာရင်း ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းများအပါအဝင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်း ကပ်ထားကြေညာခြင်းကို ဇူလိုင်လ ၂၅ ရက်နေ့မှ သြဂုတ်လ ၁၄ ရက်နေ့အထိ ပထမအကြိမ်အဖြစ် ဆောင်ရွက်ပေးခဲ့ပြီး ယခုတွင် နောက်ဆုံးအကြိမ် အဖြစ် (၁၄)ရက်ကြာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ချင်းပြည်နယ်အနေဖြင့် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပထမအကြိမ်အဖြစ် မဲဆန္ဒရှင်စာရင်း ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းများ အပါအဝင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်း ကပ်ထားကြေညာခြင်းဆောင်ရွက်ခဲ့ရာ ဆန္ဒမဲပေးပိုင် ခွင့်ရှိသူ ကျား ၁၅၉၆၂၅ ဦး မ ၁၇၂၀၇၃ ဦး စုစုပေါင်း ၃၃၁၆၉၈ ဦး ရှိပြီး မဲစာရင်းများကြေညာခြင်း လုပ်ငန်းများကို သက်ဆိုင်ရာရပ်ကျေးကော်မရှင်များနှင့်အတူ အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်း လူငယ်များ ပူးပေါင်းပါဝင်ဆောင်ရွက် လျက်ရှိကြောင်း ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရှိရသည်။
ခရိုင် (ပြန်/ဆက်)