မိုင်းဆတ်မြို့၌ ဈေးဝယ်သူနှင့် ဈေးရောင်းသူများ လိုက်နာရန် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

 

မိုင်းဆတ် စက်တင်ဘာ ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတ်မြို့၌ ကိုဗစ်-၁၉ ကာလအတွင်း ဈေးဝယ်သူနှင့် ဈေးရောင်းသူ များလိုက်နာရန် ယနေ့နံနက် (၈)နာရီက မြို့မဈေးနှင့် ယာယီပျံကျဈေးသို့ ဈေးဝယ်လာသူများနှင့် ဈေးရောင်းချသူများအား လက်ကမ်း စာစောင်များအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် ဈေးဝယ်သူများအနေဖြင့် ဈေးဝယ်ရာတွင် အချိန်ကြာမြင့်စွာဝယ်ယူ မှုမပြု လုပ်ရန်၊ မိသားစုတစ်စု လျှင် တစ်ဦးသာဈေးဝယ်ထွက်ရန်၊ ဈေးဝယ်ရန် နေအိမ်ပြင်ပထွက်ပါက Mask တပ်ဆင်ရန်၊ မိမိနေအိမ်သို့ ပြန်ရောက်ပါက လက်ကို ဆပ်ပြာနှင့် စင်ကြယ်စွာဆေးကြောရန်၊ ဝယ်ယူလာ သောပစ္စည်းများအား အိတ်အတွင်းမှ ထုတ်၍ ခြင်းတောင်းသို့ပြောင်းထည့်ပြီး အိမ်အတွင်းသို့ ယူဆောင်ရန် နှင့် ဈေးရောင်းချသူများ အနေဖြင့် ဖျားနာ၊ ချောင်းဆိုး၊ နှာချေ၊ အနံ့အရသာပျောက်ဆုံးနေပါက ဈေးရောင်း မထွက်ရန်၊ Mask တပ်ဆင် ရောင်းချရန်၊ ဈေးဝယ်သူများအသုံးပြုနိုင်ရန် ဆပ်ပြာနှင့်ရေ ထားရှိရန် စသည့် အချက်များပါဝင်ကြောင်းသိရသည်။

ထိုသို့ ဖြန့်ဝေခြင်းကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘိုဘိုဇော်၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင် အရာရှိ ဦးအောင်သူနှင့် ဝန်ထမ်းများ၊ ကျန်းမာရေးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူမှု ဝန်ထမ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနဝန်ထမ်းတို့က လက်ကမ်းစာစောင်(၁၀၀)စောင်အား ဈေးဝယ်လာသူများ၊ ဈေးရောင်း ချသူများနှင့် ဈေးရှေ့မှဖြတ်သန်းသွား လာသူများအား အခမဲ့ဖြန့်ဝေ ပေးခဲ့ ကြောင်းသိရသည်။

မြင့်မောင်(ပြန်/ဆက်)