မွန်ပြည်နယ် သထုံမြို့တွင် မိုးရာသီကာလ အောင်ရေလိုအပ်မှုကြောင့် ပျက်စီးခဲ့သည့် မိုး စပါး စိုက်ဧကများအတွက် ထောက်ပံ့ငွေများ ပေးအပ်

သထုံ   စက်တင်ဘာ   ၃၀

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ခုနှစ် မိုးရာသီကာလက အောင် ရေလိုအပ်မှုကြောင့် ပျက်စီးခဲ့သည့် မိုးစပါးစိုက်ဧကများအတွက် ထောက်ပံ့ငွေများ‌ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခန့်က မြို့နယ်အထွေထွေ အုပ်ချုပ် ရေးဦးစီး ဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် သထုံမြိုနယ် ပြည်သူ့လွှတ်ကိုယ်စားလှယ် ‌ဒေါ်မာမာခိုင်နှင့် မြို့နယ်အုပ် ချုပ်ရေးမှူး ဦးစောညီညီထွေးတို့က ထောက်ပံ့ငွေများကို စနစ်တကျပြန်လည်ခွဲဝေပေးရေး အမှာ စကားပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစောလှကြည်နှင့် မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှူး ဦးမျိုးသန့်တို့က သထုံ မြို့နယ် အတွင်း ယခင်နှစ်က မိုးစပါး‌များ အောင်ရေလိုအပ်ခဲ့သောကြောင့် ပျက်စီးခဲ့ရမှု အခြေ အနေ၊ ပျက်စီးမှုများနှင့် ပတ်သတ်၍ ကဏ္ဍအလိုက်ထောက်ပံ့ခဲ့မှုများ၊ စပါးနှင့် အခြား သီးနှံများ အထွက်တိုးရေးတို့ကို ဆွေးနွေးပြောကြားသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန် ရှိသူ တို့က မိုးစပါးများပျက်စီးခဲ့သည့် ကျေးရွာ ၁၇ ရွာတို့မှ တောင်သူစုစုပေါင်း ၁၉၃၁  ဦးတို့၏ မိုးစပါးပျက်စီးဧကပေါင်း ၁၆၄၈၅ ဧကတို့အတွက် တစ်ဧကလျှင် ငွေကျပ် တစ်သောင်း နှုန်းဖြင့် ‌စုစုပေါင်း ၁၆၄၈၅၀၀၀၀ ကျပ်တို့ကို ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာ လယ်ယာမြေ စီမံခန့်ခွဲရေး အဖွဲ့တို့ထံ လွှဲပြောင်း ပေးအပ်ခဲ့သည်။

အဆိုပါထောက်ပံ့ငွေပေးအပ်ပွဲသို့ သထုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့ နယ် အုပ်ချုပ်ရေးမှူးနှင့် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများနှင့် မိုးစပါးများပျက်စီးခဲ့သည့် ကျေးရွာ ၁၇ ရွာမှ အုပ်ချုပ်ရေးမှူးများ၊ ‌လယ်ယာ မြေစီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ တောင်သူများတက်ရောက်ခဲ့ကြကြောင်း သိရ သည်။

သက်ဦး(သထုံ)