မွန်ပြည်နယ် သံဖြူဇရပ်မြို့တွင် မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်ရန် အထူးရဲသင်တန်း ဖွင့်လှစ်

သံဖြူဇရပ်  အောက်တိုဘာ  ၁

၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ()ရက်နေ့တွင် ကျင်းပမည့်အထွေထွေရွေးကောက်ပွဲတွင်၊ မဲရုံများ လုံခြုံရေးတာဝန်ပေးအပ်နိုင်ရေးအတွက်၊မွန်ပြည်နယ်၊သံဖြူဇရပ်မြို့နယ်၌အထူးရဲသင်တန်းဖွင့်ပွဲကို၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှကြီးမှူး၍ ယနေ့ နံနက်၈နာရီခန့်က အ.ထ.က() ပညာ့ဗိမာန်ခန်းမတွင် ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးဝင်းဇော်က အဖွင့်အမှာစကားပြောကြားရာ၌ မကြာမီကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးအတွက် တာဝန်ထမ်း ဆောင် ကြမည့်အထူးရဲများအနေဖြင့် ရွေးကောက်ပွဲမတိုင်မီနှင့်ရွေးကောက်ပွဲကျင်းပစဉ် ကာလ အတွင်းတာဝန်ကျရာမဲရုံများတွင်ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့်ပူးပေါင်းပြီးမဲရုံလုံခြုံရေးကို တာဝန်ယူဆောင်ရွက်ကြရမှာဖြစ်သည့်အတွက်၊ ရဲတပ်ဖွဲ့ဝင်များနည်းတူစည်းမျဉ်း စည်းကမ်းနှင့် အညီ ဆောင်ရွက်နိုင်ကြစေရန်အထူးရဲသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းပြော သည်။

အဆိုပါ သင်တန်းဖွင့်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသိန်းထွဋ်နှင့် ဌာနဆိုင်ရာများ၊မြို့နယ် ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များနှင့် အထူးရဲသင်တန်းသား (၇၆)ဦးတက်ရောက်ပြီး၊ သင်တန်း ကာလမှာအောက်တိုဘာ()ရက်မှ(၂၈)ရက်နေ့ အထိသင်ကြားပို့ချမည်ဖြစ်ကြောင်းသိရသည်။

အေးအေးသီ(ပြန်/ဆက်)