မိုင်းပျဉ်းမြို့နယ်တွင် ကျေးလက်နေပြည်သူများ အသုံးပြုလျက်ရှိသော သောက်သုံးရေများတွင် Bateria များ ပါဝင် မှုကို သိရှိနိုင်စေရန်ကွင်းဆင်းစစ်ဆေး

 

မိုင်းပျဉ်း    အောက်တိုဘာ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် ကျေးလက်နေပြည်သူများ အသုံးပြုလျှက်ရှိသော သောက်သုံးရေများတွင် Bateria များပါဝင်မှု ကိုသိရှိနိုင်ရန် ကွင်းဆင်း စစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက တာဝန် ရှိသူများက ကွင်းဆင်းစစ် ဆေးခဲ့ကြကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းစိုးဌေးနှင့် ဝန်ထမ်းများက မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ကျေးရွာ (၁၇) ရွာသို့အဖွဲ့များခွဲ၍ ကျေးရွာရှိ ပြည်သူများ လက်ရှိ အသုံး ပြုနေသော သောက်သုံးရေများတွင် Bateria များပါဝင်မှုကိုသိရှိနိုင်ရန် E-Coli System ဖြင့်ကွင်းဆင်းစစ် ဆေး ဆောင်ရွက် ပေးခဲ့ကြကြောင်းသိရသည်။

အဆိုပါကွင်းဆင်းစစ်ဆေးခြင်းဖြင့် ကျေးလက်နေပြည်သူများ သောက်သုံးနေသောရေမှ ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားလာနိုင်မှုကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကွင်းဆင်းစစ် ဆေး ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း      မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မေမွန်ထွဋ်၊ ပြန်ဆက်