လင်းခေးတွင် ရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းဖွင့်လှစ်

 

လင်းခေး     အောက်တိုဘာ ၁

၂ဝ၂ဝပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေ ထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပသွားနိုင် ရေးအတွက် လင်းခေး မြို့နယ်ရဲတပ်ဖွဲ့က ကြီးမှူး၍ ရွေးကောက်ပွဲဆိုင်ရာအထူးရဲသင်တန်း ဖွင့်ပွဲအခမ်း အနား ကို ယနေ့ နံနက် ၈ နာရီက လင်းခေးမြို့၊ပုန်းထွန် ကျေးရွာအခြေခံပညာအလယ်တန်းကျောင်းခွဲခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် လင်းခေးခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီးသိန်းမြင့်က သင်တန်းအဖွင့် အမှာစကား ပြောကြားသည်။ အဆိုပါသင်တန်း သို့ အထူးရဲသင်တန်းသား(၃ဝ)ဦးတို့တက်ရောက် ကြမည်ဖြစ်ပြီး ၊ ခရိုင် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ခရိုင်နှင့်မြို့နယ်ရဲ တပ်ဖွဲ့မှတာဝန်ရှိသူများမှ သင်တန်း ပို့ချဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းကာလမှာ အောက်တိုဘာ ၂၈ ရက်နေ့အထိ ဖွင့်လှစ် ပေးသွား မည်ဖြစ် ကြောင်း လင်းခေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရပါသည်။

 အခမ်းအနားသို့ လင်းခေးခရိုင်ရဲတပ်ဖွဲ့မှူး၊မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဌာနမှူး၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဌနှင့် အတွင်းရေးမှူး၊မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် စခန်းမှူး၊ သင်တန်း သား ၃ဝ ဦး တို့နှင့် တာဝန်ရှိရဲတပ်ဖွဲ့ဝင် စုစုပေါင်းအင်အား(၅ဝ)ဦးခန့်တက်ရောက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။

စိုင်းဇော်လတ်(လင်းခေး)