မင်းဘူးခရိုင် စေတုတ္တရာမြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာနိုင်ရေး မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

စေတုတ္တရာ      အောက်တိုဘာ        ၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်း ကပ်ထား ကြေညာနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့မွန်းလွဲ (၃)နာရီ အချိန်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကျင်းပ ပြုလုပ်ခဲ့ ကြောင်း သိရသည်။

ရှေးဦးစွာ အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးသိန်းမြင့်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီးနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး‌ ဒေါ်မူယာက ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာနိုင်ရေးအတွက် ဆောင်ရွက်ထားသည့် လုပ်ငန်း အခြေအနေများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားသည့်မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန် ကြေညာရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဝင်များ အနေဖြင့် မဲဆန္ဒရှင်စာရင်းများ စစ်ဆေးရာတွင် ဆောင်ရွက်ရမည့်အချက်များအား ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာကြသော မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များက လိုအပ်သည်များ ကို အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။ 

စေတုတ္တရာမြို့နယ်တွင်ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာခြင်းကို အောက်တိုဘာ လ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးများ တွင် ကပ်ထားကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။                             

စည်သူလွင်(ပြန်/ဆက်)