ကျေးရွာများသို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်

တွန်းဇံ      အောက်တိုဘာ   ၁

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ပေးခြင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီ အချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်ခဲ့သည်။

တွန်းဇံမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက်  တွန်းဇံမြို့ရှိ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုရှိ အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်မှုကော်မတီ၏ ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာလုပ်ငန်းများတွင် ပြည်သူများ သိရှိလိုက်ရန် ထုန်ပြန်ချက်များနှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာပညာပေး တေးသီချင်းများအား  ကျေးလက်နေပြည်သူများ ကျယ်ကျယ်ပြန့်ပြန် သိရှိနိုင်စေရေးအတွက် အသံချဲ့စက်ဖြင့် လှည့်လည် နှိုးဆော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝေဖြိုး(ဇလပ်မြေ)