ဇလွန် အောက်တိုဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်ငန်းများကို နေ့စဉ် အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီအချိန်ခန့်တွင် ဇလွန်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်စျေးများတွင် Mask နှင့် Face Shield များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးခြင်းများကို ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ပူးပေါင်းအဖွဲ့ဖြင့် အသိပညာပေးခြင်း ကွင်းဆင်းဆောင်ရွက်ရာတွင် ဇလွန်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် စျေးများအတွင်းရှိ ဈေးရောင်း၊ ဈေးဝယ် ပြည်သူများ နှာခေါင်းစည်း တပ်ဆင်မှုရှိစေရေး၊ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာ ရောင်းချမှု ရှိစေရေး၊ ဈေးရောင်းချသူများ အနေဖြင့် တိုင်းဒေသကြီးအဆင့်ကိုဗစ်-၁၉ ကော်မတီမှ ထုတ်ပြန် ကြေညာထားသော သတ်မှတ်အချိန်များအတွင်း၌သာ ဖွင့်လှစ်ရောင်းချသွားကြရန်နှင့် ထိုသို့ရောင်းချရာတွင်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့် အညီ စနစ်တကျ လိုက်နာဆောင်ရွက်သွားကြရန် အသိပညာပေး ပြောကြားခဲ့ပြီး Mask (၇၀၀) ခုနှင့် Face Shield (၃၀၀)ခုတို့ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ဝေယံ - ဇလွန်(ပြန်/ဆက်)