ချောင်းဆုံ အောက်တိုဘာ ၁
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် အင်အားသစ်ငွေစုငွေချေးသမဝါယမအသင်းလီမိတက်မှ သမဝါယမ ဦးစီး ဌာနနှင့် မြို့နယ်သမဝါယမ အသင်းစုရှိ ဝန်ထမ်းများအား စားသောက်ကုန် ထောက်ပံ့ ပစ္စည်းပေး အပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ထောက်ပံ့ပစ္စည်း ပေးအပ်ရာတွင် အင်းအားသစ်ငွေစု ငွေချေးသမဝါယမအသင်း လီမိတက် အသင်း ဥက္ကဌဦးအေးသိန်းက ယခုလိုထောက်ပံ့ရခြင်းမှာ ကိုဗစ်-၁၉ ကာလအတွင်းစီးပွားရေးကုစားမှု မိသားစု စားဝတ်နေရေးအဆင်ပြေစေရန်အတွက် ရည်ရွယ်၍ အသင်းစု ဝန်ထမ်းများအား ပေးအပ် ရခြင်းဖြစ် ကြောင်းပြောကြားပြီး မြို့နယ်(သ/မ)ဦးစီးမှူး ဒေါ်မြင့်ထွေးနှင့်အသင်း ဥက္ကဋ္ဌ ဦးအေးသိန်းတို့က တစ်ဦးလျှင် ဆီ ၁ပိဿာ၊ ငါးသေတ္တာ ၂ ဗူး၊ ပဲ ၅၀ကျပ်သား၊ ကြက်ဉ-၁၅ လုံး၊ ဖူချီဆပ်ပြာ(၁)ဗူး တို့ကို အသင်းသား(၃၄)ဦးတို့အား ပေးအပ်ခဲ့ကြောင်း မြို့နယ်(သ/မ)ဦးစီးဌာနမှ သိရသည်။
ထူးအိမ်(မြို့နယ် ပြန်/ဆက်)