ပန်းတောင်း အောက်တိုဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် King Mobile ဖုန်းဆိုင်မှ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေးအတွက် ကျီးတောဂိတ်သို့ ပလတ်စတစ်လက်အိတ် (၅)ထုပ်၊ လက်သန့်ဆေးရည်(၂)ဘူး၊ Mask (၃)ဘူး၊ ကော်ဖီမစ်ထုတ်နှင့် မုန့်များလှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကျီးတောဂိတ်တွင် လာရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ထိုသို့လှူဒါန်းရာတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းစဉ်များ အသုံးပြုရန်အတွက် ကျီးတောဂိတ်တွင် တာဝန်ကျသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရှိရသည်။
ပန်းတောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရသည်။
သင်းသင်းအေး(ပြန်/ဆက်)