နေရပ်ပြန်မြန်မာသင်္ဘာသားများ ကော့သောင်းမြို့တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ

ကော့သောင်း၊ အောက်တိုဘာ ၁

ကော့သောင်းမြို့အနီးအက်ဒမန်ပင်လယ်အတွင်း Crew Change ပြုလုပ်ရန် စင်္ကာပူနိုင်ငံမှလာရောက်သည့် MV.GLOBAL EFFORT သင်္ဘာပေါ်မှ သင်္ဘာသား (၁၆) ဦးသည် ယမန်နေ့ညနေပိုင်းက Sign off ထွက်လာရာ ကော့သောင်းမြို့ ဆိပ်ကမ်း၌ တာဝန်ရှိဌာနဆိုင်ရာပူးပေါင်းအဖွဲ့နှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက လိုအပ်သည့်ကျန်းမာရေး စစ်ဆေးမှုများဆောင်ရွက်ကာ ကော့သောင်းမြို့တွင် Hotel Quarantine (၁၄)ရက် ထားရှိပြီး ၎င်းတို့၏ Swb နမူနာများအား ရန်ကုန်အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနသို့ ပို့ဆောင်ဓာတ်ခွဲ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

Sign off ထွက်လာသည့်သင်္ဘာသားများမှာ  ကော့သောင်းမြို့တွင် ကြိုတင်ရောက်ရှိနေပြီး အဆိုပါသင်္ဘာ ပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးမြင်လွင်ပါ သင်္ဘာသား (၁၆) ဦးတို့ဖြင့်  တာဝန်လွှဲပြောင်းယူခဲ့သူ များဖြစ်ကြောင်း သိရသည်။ 

ကျော်စိုး(ကော့သောင်း)