မိုင်းပန်မြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာ

မိုင်းပန် အောက်တိုဘာ ၁

လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်းကို ယနေ့နံနက်(၇) နာရီ အချိန်က မြို့နယ်အတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကပ်ထား ကြေညာ ထားရှိကြောင်းနှင့် ကပ်ထားကြေညာမှုအား စနစ်တကျရှိစေရန် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေအထွေရွေးကောက်ပွဲ ကျင်းပရာတွင် မဲဆန္ဒနယ်အလိုက် လွှတ်တော်ကိုယ်စားလှယ်လောင်းတို့အား ဆန္ဒမဲပေးနိုင်ရေးအတွက် မဲဆန္ဒနယ် (၁)နှင့် (၂) ဟူ၍ သတ်မှတ်ထားရှိပြီး မဲဆန္ဒနယ် (၁)အတွင်း၌ မြို့ပေါ် (၄) ရပ်ကွက်၊ မဲရုံ (၉)ရုံထားရှိပြီး မဲဆန္ဒနယ်(၂)အတွင်း၌ ကျေးရွာအုပ်စု (၁၀) အုပ်စု၊ မဲရုံ (၂၃) ရုံ သတ်မှတ် ထားရှိကာ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းအရ မဲဆန္ဒနယ်(၁)၌ (၅၇၉၈)ဦး၊ မဲဆန္ဒနယ်(၂)၌ (၇၄၇၆)ဦး စုစုပေါင်း မဲဆန္ဒရှင် (၁၃၂၇၄) ဦးရှိကြောင်း သိရသည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းကို အောက်တိုဘာလ (၁) ရက်နေ့မှ အောက်တိုဘာလ (၁၄) ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် နောက်ဆုံး အကြိမ်အဖြစ် ကပ်ထားကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

ဆန်းမြင့်(ပြန်/ဆက်)