လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျေးရွာများအရောက် ကွင်းဆင်း၍ အသိပညာပေးလိုက်လံနှိုးဆော်

လှိုင်းဘွဲ၊    အောက်တိုဘာ ၁

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်နိုင်ရေးအတွက် ပြည်သူများသိရှိစေရန် အသိပညာပေးနိုးဆော်ခြင်းကို ယမန်နေ့ နေ့လယ်(၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ကော့လှိုင်းကျေးရွာ၊ မရမ်းအူကုန်းကျေးရွာနှင့်မရမ်းအူကွင်းကျေးရွာများသို့ အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ထို့သို့ လှည့်လည်အသိပေးနိုးဆော်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွန်ကြားချက်များအရ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်သည့် အချက်များအနေဖြင့် မိမိအိမ်တွင် နေထိုင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ထိတွေ့မှု မရှိခြင်း၊ မဖြစ်မနေ အပြင်သို့ သွားရောက်သည့်အခါတိုင်း နှာခေါင်းစည်း Mask များ တပ်ဆင်ခြင်း၊ လူစုလူဝေးဖြစ်ပေါ်နိုင်သည့် နေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြည်ခြင်း စသည့် အဆိုပါလမ်းညွန်ချက်များ၊ တားမြစ်ကန့်သတ်ချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် မီးသတ်ယာဉ်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)