ပိုင်ကျုံ အောက်တိုဘာ ၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့မီးသတ်ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ မဖြစ်ပေါ်စေရေး၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန် ထားသော ညွန်ကြားချက်များ နှင့်အညီ ပြည်သူများအား အသိပညာပေး ဆောင်ရွက်သည့်လုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက ပိုင်ကျုံမြို့အ၀င်လမ်းခွတွင် ဆောင်ရွက် ခဲ့သည်။
အဆိုပါအသိပညာပေးလုပ်ငန်းကို ပိုင်ကျုံမြို့မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးမှူး ဦးစောထီးမူးဂျူးနှင့် တပ်ဖွဲ့၀င်များ ၊ဌာနဆိုင်ရာများ နှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးပူးပေါင်း၍ ပြည်သူများအနေဖြင့် အပြင်သွားရာတွင် Maskများ မဖြစ်မနေတပ်ဆင်ရန် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ရေးအတွက် လူစုလူဝေးမပြုလုပ်ရန်၊ မိမိအိမ်တွင် စနစ်တကျ နေထိုင်ရန်၊ လက်များကို မကြာခဏဆေးကြောရန်၊ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန်သောညွန်ကြားချက်နှင့် အညီ လိုက်နာဆောင်ရွက်သွားရန် အသိပညာပေးပြောကြားခဲ့ပြီး Mask တပ်ဆင်လာခြင်းမရှိသူများအား Mask (အခမဲ့) ဖြန့်ဝေတပ်ဆင် စေခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)