ကျောက်မဲ အောက်တိုဘာ ၁
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို ကျောက်မဲမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ တွင် အောက်တိုဘာလ ၁ ရက်နေ့မှစ၍ အောက်တိုဘာ ၁၄ ရက်နေ့အထိ နောက်ဆုံးအကြိမ်အဖြစ် ၁၄ ရက် တိတိ (နံနက် ၇ နာရီမှ ည ၉ နာရီအထိ )ကပ်ထားကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါမဲဆန္ဒရှင်စာရင်းများကို ကပ်ထားကြေညာထားစဉ် မဲဆန္ဒရှင်များက လာရောက်ကြည့်ရှု စစ်ဆေးပြီး မိမိတို့၏အမည်များ မဲစာရင်းတွင်ပါဝင်မှုမရှိခြင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူများပါဝင်နေခြင်း၊ မဲဆန္ဒရှင်စာရင်းပါ အချက်အလက်များ မှားယွင်းနေခြင်းတို့ရှိပါက မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာစဉ်အတွင်း ပြန်လည်ဖြည့်စွက်၊ ပယ်ဖျက်၊ ပြင်ဆင်ပေးရန် သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် သတ်မှတ်ပုံစံများဖြင့် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
ကျောက်မဲမြို့နယ်တွင် ဒုတိယအကြိမ် ကပ်ထားကြေညာထားသည့် မဲဆန္ဒရှင်စရင်းအရ မဲပေးပိုင်ခွင့်ရှိသူ ၁၂၉၇၁၃ ဦးရှိပြီး လျာထားမဲရုံ ၁၁၁ ရုံရှိကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)