တနင်္သာရီမြို့နယ်အတွင်း (ဒုတိယ) အကြိမ်၊ မဲစာရင်းများ စတင်ကပ်ထားကြေငြာပေး

တနင်္သာရီ အောက်တိုဘာ

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ () ရက်နေ့မှာကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင် အမည်စာရင်း မှန်ကန်စေရေး၊ မဲပေးခွင့်ရှိသူတိုင်းမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးနှင့် ဆန္ဒမဲအပြည့်အဝ ပေးနိုင်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများနှင့် ကျေးရွာများတွင် (ဒုတိယ) အကြိမ်၊ မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာလ ၁ ရက်မှ ၁၄ ရက်အထိ နောက်ဆုံး အကြိမ်အဖြစ် (၁၄) ရက်အကြာ ထပ်မံကပ်ထားကြေငြာပေးလျက်ရှိကြောင်း သိရသည်။

တနင်္သာရီမြို့နယ်အတွင်း ရပ်ကွက် () ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၁) အုပ်စု၊ စုစုပေါင်း (၂၆) အုပ်စုတို့တွင် မဲရုံစုစုပေါင်း (၉၈) ရုံရှိသည်။ (ပထမ) အကြိမ်အဖြစ် ဇူလိုင်လ (၂၅) ရက်မှ ဩဂုတ်လ ၁၄ ရက်အထိ မဲစာရင်းကြေငြာစဉ်က ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ဦးရေ စုစုပေါင်း (၇၉၁၀၀) ဦးရှိခဲ့ပြီး၊ ယခုအခါ (ဒုတိယ) အကြိမ်တွင် မဲဆန္ဒရှင်စာရင်းများ မကျန်ရှိစေရေးအတွက် အိမ်တိုင်ရာရောက်ကွင်းဆင်း စစ်ဆေးဆောင်ရွက်မှုကြောင့် မဲဆန္ဒရှင်ဦးရေ (၈၁၀၀၀) ကျော်အထိ တိုးလာ ကြောင်း၊  မဲစာရင်းစစ်ဆေးရန် နောက်ဆုံးအခွင့်အရေးဖြစ်သဖြင့် မဲဆန္ဒရှင်စာရင်းတွင်  မိမိအမည် ပါဝင်စေရန်နှင့် အချက်အလက်မှားယွင်းမှု မရှိစေရန် ကြည့်ရှုစစ်ဆေးခြင်းဖြင့် ပူးပေါင်း ကူညီ ဆောင်ရွက်ပေးကြစေလိုကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

နန်းသာရီ − ထိန်ဝင်း