မက်မန်း အောက်တိုဘာ ၁
မက်မန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ လုံခြုံရေး တာဝန် ထမ်းဆောင်မည့် ရဲတပ်ဖွဲ့ဝင်များအား အထူးရဲသင်တန်း ဖွင့်လှစ် ပို့ချခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးခန်းမတွင် ဖွင့်လှစ်ပြီး သင်တန်းဖွင့် အမှာစကားအနေဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးနိုင်ထန်းမနား၊ မြို့နယ်ကော်မရှင် ဦးစီးအရာရှိ ဦးပြည့်ဖြိုးအောင် နှင့် ကျန်းမာရေးမှူး ဦးစိုးကြိုင်တို့က ရွေးကောက်ပွဲ လုံခြုံရေး တာဝန် ထမ်းဆောင်မည့် အထူးရဲတပ်ဖွဲ့ နှင့် သက်ဆိုင်သည့် အကြောင်းအရာ များကို မှာကြားခဲ့ကြောင်း သိရှိရ ပါသည်။
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မက်မန်းမြို့နယ်ရှိ မဲရုံ (၄၃) ရုံတွင် လုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲတပ်ဖွဲ့ဝင်(၄၃)ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ရေး လမ်းညွှန် ချက်နှင့်အညီ အောက်တိုဘာလ(၁) ရက်နေ့မှ အောက်တိုဘာလ (၂၈)ရက်နေ့ထိ ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး အဆိုပါ သင်တန်းတွင် နည်းပြအဖြစ် ဒုမြို့နယ် ရဲတပ်ဖွဲ့မှူးက ဦးစီးပြီး ပို့ချပေးမည်ဖြစ်ပြီး အခြေခံ စစ်ရေးပြနှင့် အထူးရဲ များသိသင့်သိထိုက်သည့် ဥပဒေဘာသာရပ်၊ရဲကျင့်ဝတ်တို့အား သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
မက်မန်း(ပြန်/ဆက်)