ဆိပ်ကြီးခနောင်တို အောက်တိုဘာ ၁
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမှု ထိန်းချုပ်၊ ကာကွယ်နိုင်စေ ရေး မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ သည်။
ရှေးဦးစွာ ဆိပ်ကြီးခနောင်တိုမြို့နယ် အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေက ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းများတွင် ဌာနဆိုင်ရာများ အနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်၊ Quarantine Center တွင် အနံ့ပျောက်၊ သံသယလူနာများနှင့် Contact Person များအား သီးခြားခွဲထားရန်နှင့် ပရဟိတအဖွဲ့ များ၏ လိုအပ်ချက်များကို မြို့နယ်အဆင့် ကိုဗစ်-၁၉ ကော်မတီမှ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးကြရန် ပြောကြားသည်။ ယင်းနောက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ် ချုပ်ရေးမှူး ဦးဇော်သိန်းက မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက် နေမှု၊ Quarantine Center များတွင် စနစ်တကျနေရာချထား ဆောင်ရွက်ပေးနေမှု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည့် လမ်းညွှန်ချက်များအား စဉ်ဆက် မပြတ် အသိပညာပေးခြင်းကို ရပ်ကွက်အလိုက် ဆောင်ရွက်ပေးနေကြောင်းနှင့် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှု ကာကွယ်ထိန်းချုပ်နိုင်စေရေးနှင့် ဆက်လက် ဆောင်ရွက်မည့် အခြေအနေ များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိရပ်ဖ များက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ အပြန် အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇာခြည်စိမ့်(ဆိပ်ကြီးခနောင်တို)