မင်းတုန်း အောက်တိုဘာ ၁
မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊နိုဝင်ဘာလတွင် ပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရန် ဒုတိယအကြိမ်(နောက်ဆုံး) မဲဆန္ဒရှင်စာရင်း များကို ယနေ့နံနက်ပိုင်းက ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ကပ်ထားကြေညာခဲ့ပါသည်။
မင်းတုန်းမြို့နယ်တွင် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရန် မဲရုံ(၁၀၄)ရုံ သတ်မှတ်ထားပြီး ဆန္ဒမဲပေးခွင့်ရှိသူ (၅၀၀၄၄)ဦး ရှိကြောင်းသိရသည်။ ဒုတိယ အကြိမ်(နောက်ဆုံး) မဲဆန္ဒရှင်စာရင်း ကြေညာရာတွင် ပါဝင်သော မိသာစု Code နံပါတ်များသည် အတည်ဖြစ်ပြီး မဲဆန္ဒရှင် စာရင်း အတိုး/အလျော့ ရှိလာပါကလည်း မိသားစု Code နံပါတ်များ ပြောင်းလဲမှုရှိမည် မဟုတ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်ရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်စုသက်နှင်းဝေထံမှ သိရှိရသည်။
ချင်းကလေး(NRDC)