ကျိုက်ထို အောက်တိုဘာ ၁
၂၀၂၀ပြည့်နှစ်နိုဝင်ဘာ၈ရက်နေ့တွင်ကျင်းပမည့်အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပ နိုင်ရေးအတွက် မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ် ရဲတပ်ဖွဲ့မှ ဦးစီး၍ အထူးရဲ သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်(၈)နာရီတွင် အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းရာပြည့်ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ကျိုက်ထိုမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဝင်းက အထူးရဲသင်တန်းဖွင့် လှစ်ရခြင်းမှာ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် တစ်နိုင်ငံလုံး၌ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်ဖြစ်ပြီး မိမိတို့မြို့နယ် အတွင်း ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်၍ လူစုလူဝေးမဖြစ်ပေါ်စေရေးကို ထိန်းသိမ်းနိုင် ရန်နှင့် လာရောက်မဲပေးသူများကို ကူညီစောင့်ရှောက်နိုင်ရန် ပြည်သူ့ရဲတပ်ဖွဲ့၏ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်ရန် သင်တန်းပို့ချပေးခြင်းဖြစ်ကြောင်း၊ ယခု သင် တန်းတွင် သင်တန်းသားများမသိရှိသေးသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဆောင်ရွက်လျက် ရှိသော တာဝန်နှင့်ဝတ္တရားများကို သိရှိစေရန်ဖြစ်၍ သင်ကြားပေးသည့် သင်ခန်းစာများ ကို လည်း လိုက်နာသင်ယူကြရန် မှာကြားခဲ့သည်။
ယင်းနောက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းထိုက်က ယခုသင်တန်းသို့ တက်ရောက်လာ သော သင်တန်းသားများအနေဖြင့် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲမထားဘဲ ရဲဥပဒေနှင့်အညီ မဲလာ ရောက်ပေးသူများကို ကူညီဆောင်ရွက်၍ ကပ်ရောဂါဖြစ်ပေါ်နေသည့်ကာလအတွင်း လူစု လူဝေး မဖြစ်ပွားရေးကိုလည်း ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ အထူးရဲသင်တန်းသား(၉၅)ဦး တက်ရောက်ပြီး နည်းပြ(၁၀)ဦးမှ စစ်ရေးပြ၊ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ၊ ရဲကျင့်ဝတ်နှင့် ပြည်သူများပူးပေါင်း ပါဝင်သော ရဲလုပ်ငန်း စနစ်ဥပဒေဘာသာရပ်များကို နံနက် ၇:၃၀ မှ ညနေ၄:၀၀ ထိ(၂၈)ရက်ကြာ သင်ကြား ပို့ချ သွားမည်ဖြစ်ကြောင်းသိရသည်။
ဝင်းမောင်(ကျိုက်ထို)