ကံမမြို့နယ်တွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်ရန် အထူးရဲ သင်တန်းဖွင့်လှစ်

ကံမ အောက်တိုဘာ ၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင်   ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ  အောင်မြင်စွာကျင်းပနိုင်ရေး မဲဆန္ဒရှင်ပြည်သူများ  လုံခြုံစိတ်ချစွာမဲပေးနိုင်ရေးအတွက်  မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်ရန် အထူးရဲ (၉၇)ဦးခန့်အပ်သွားမည်ဖြစ်ရာ   အောက်တိုဘာ ၁ ရက် မှစတင်၍ မြို့နယ်အတွင်း  သက်ဆိုင်ရာနယ်မြေအလိုက်    သင်တန်းဖွင့်လှစ်ပို့ချပေးလျက် ရှိသည်။

ထိုသို့ သင်တန်းပို့ချရာတွင် ကံမမြို့  မြို့မရဲစခန်းနယ်မြေတွင် မင်းကုန်းအခြေခံပညာအလယ်တန်းကျောင်း (ခွဲ)၌      သင်တန်းသား  ၄၉ ဦးနှင့် ရေနံ့သာရဲစခန်းနယ်မြေတွင် အခြေခံပညာအထက်တန်းကျောင်း(ရေနံ့သာ)၌  သင်တန်းသား ၄၈ ဦးတို့အား  သင်တန်းပို့ချပေးလျက်ရှိပြီး  သင်တန်းကာလမှာ ၂၈ ရက် ကြာမြင့်မည်ဖြစ်ကြောင်း  သိရသည်။

ကျော်ဇေယျဝင်း(ကံမ)