လမိုင်း အောက်တိုဘာ ၁
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ မိသားစုစားဝတ်နေရေး အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ နိုင်ငံတော် အစိုးရမှ ထောက်ပံ့သည့် ပဉ္စမအကြိမ် ထောက်ပံ့ငွေများကို ယနေ့ နံနက်ပိုင်းက ထောက်ပံပေး အပ်ခဲ့သည်။
အဆိုပါ ထောက်ပံငွေများကို လမိုင်းမြို့ မြို့မ(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးထွန်းနှင့် အမျိုး သမီးရေးရာအဖွဲ့ဝင်များက COVID-19 ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော လမိုင်းမြို့ မြို့မ(၂) ရပ်ကွက် အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအား အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် အိမ်ထောင်စု (၃၀၁)စုအား ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက် လိုက်လံပေး အပ်ခဲ့ကြောင်းသိရ သည်။
တင်ဇာစိုး(ပြန်/ဆက်)