တံတားဦးမြို့နယ် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ထုတ်ပြန်ကြေညာ

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်၌ ၂၀၂၀-ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ထုတ်ပြန်ကြေညာခြင်းကို ယနေ့ နံနက်ပိုင်းက စတင်၍ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများတွင် ထုတ်ပြန်ကြေညာထား ကြောင်းသိရသည်။

မူဆယ်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံအဝင်/အထွက်ဂိတ် မန့်ဝိန်းဂိတ်အနီး၌ ကုန်တင်ယာဉ်မောင်းများ အချိန် ကြာမြင့်စွာစောင့်ဆိုင်းနေရပြီး အခက်အခဲမျိုးစုံရင်ဆိုင်ကြုံတွေ့နေရ

ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားခင်ကာလ၌ မြန်မာ-တရုတ်နှစ်နိုင်ငံ၊ နယ်စပ်ကုန်သွယ်စီးဆင်းမှုသည် သွင်းကုန်/ ပို့ကုန်ယာဉ်စုစုပေါင်း(၁)ထောင်နီးပါးခန့်ဖြင့် ကုန်သွယ်စီးဆင်းလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါဖြစ် ပွားပြီး ဧပြီလ၊ ပထမပတ်မှ စတင်၍ ရောဂါကင်းစင်သည့် တရုတ်နိုင်ငံဘက်က ယာဉ်မောင်းစုစုပေါင်း(၃၀)ခန့်ဖြင့် ယာဉ်မောင်း လဲလှယ်ခြင်းစနစ်ကြောင့် ကုန်တင်ယာဉ် အဝင်/အထွက် ကျန့်ကြာခြင်း၊ တရုတ်နိုင်ငံ၊ ကျယ်ဂေါင် ကားကြီးကွင်း၌ ယခင်ကုန်တင်ကုန်ချအလုပ်သမားစုစုပေါင်း(၅၀၀)ခန့်ဖြင့် ကုန်တင်ကုန်ချပြုလုပ် လျက်ရှိရာ ကိုဗစ်-၁၉ရောဂါ ကာလ၌ တရုတ်နိုင်ငံဘက်က ပိုမိုတင်းကြပ် လာခြင်းကြောင့် လက်ရှိတွင် ကုန်တင် ကုန်ချ အလုပ်သမား စုစုပေါင်း(၁၀၀)နီးပါးခန့်နှင့်သာ ကုန်တင်ကုန်ချပြုလုပ်ခြင်းတို့ကြောင့် နှစ်နိုင်ငံ ကုန်သွယ် စီးဆင်း မှုကျဆင်း လာခြင်းဖြစ်ကြောင်း ကုန်သည် များ၏ ပြောကြားချက်အရသိသည်။

မရမ်းကုန်းမြို့နယ်တွင်စီးပွားရေးကုစားမှုအစီအစဥ်အရအသက် (၈၀)ပြည့်ပြီး အသက် (၈၅)နှစ်မပြည့်သေးသည့် သက်ကြီးရွယ်အိုများအားတစ်ဦးလျှင်ထောက်ပံ့ကြေး (၃၀၀၀၀)ကျပ်ပေးအပ်

ကိုဗစ် -၁၉ရောဂါဖြစ်ပွားနေစဥ်ကာလအတွင်းရန်ကုန်အနောက်ပိုင်းခရိုင် ၊မရမ်းကုန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက စီးပွားရေးကုစားမှုအစီအစဥ်အဖြစ်အသက် (၈၀)ပြည့်ပြီး အသက် (၈၅)နှစ်တင်းတင်းမပြည့်သေးသည့်သက်ကြီးရွယ်အိုများအတွက်တစ်ဦးလျှင် (၃၀၀၀၀)ကျပ်နှုန်းဖြင့်ထောက်ပံငွေပေးအပ်ခြင်းဆောင်ရွက်ခဲ့သည်။

မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ Community Based Facility Quarantine Centre များတွင် အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသော ပြည်သူများအတွက် စေတနာရှင်များမှ အစားအသောက်များနှင့် အောက်စီဂျင်အိုးများလာရောက်လှူဒါန်း

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အ.ထ.က(၁)၊ အ.ထ.က(၄) နှင့် သိမ်ဖြူ လက်ဝှေ့ရုံတို့တွင် ဆောင်ရွက်ထားသော Community Based Facility Quarantine Centre များတွင် အသွားအလာကန့်သတ် စောင့်ကြည့်ထားသူများအတွက်

နေပြည်တော်ကောင်စီဝင် ဦးညီထွန်း ဥတ္တရသီရိမြို့နယ်အတွင်းရှိ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာထားရှိမှုအား ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ဥတ္တရသီရိရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံး၌ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာထားရှိမှုအား ယနေ့နံနက် ၉နာရီခွဲက နေပြည်တော်ကောင်စီဝင် ဦးညီထွန်း၊ ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းထွေး နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့သည်။

ကိုကိုးကျွန်းမြို့နယ်တွင် အသက် ၈၀ မှ ၈၅ နှစ်အထိ ဘိုးဘွားများအား ထောက်ပံ့ကြေးပေးအပ် 

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကိုကိုးကျွန်းမြို့နယ်အတွင်းရှိ အသက် ၈၀ မှ ၈၅ နှစ်အထိ ဘိုးဘွားများအား ကိုဗစ်ကာလအတွင်း နိုင်ငံတော်မှထောက်ပံ့အပ်သော ထောက်ပံ့ငွေကျပ် ၃၀,၀၀၀ အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

ကိုဗစ်ကာလဝန်ထမ်းများအား အာဟာရနှင့်ဆေးဝါးများ ထောက်ပံ့ပေးအပ်

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် စည်ပင်သာယာရေးကော်မတီကဝန်ထမ်းများအား အာဟာရနှင့် ဆေးဝါးများ ထောက်ပံ့ပေးအပ်ပွဲကိုယမန်နေ့နံနက်တွင် မြို့နယ်စည်ပင်သာယာရေး အဖွဲ့ရုံး၌ကျင်းပ သည်။

ပုံပါကျင်မြို့တွင် မဲဆန္ဒှရှင်စာရင်းများ ထုတ်ပြန်ကြေညာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို နောက်ဆုံးအကြိမ်အဖြစ် ယမန်နေ့ နံနက်ကစတင်၍ သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ထုတ်ပြန် ကြေညာထားကြောင်း သိရသည်။

ဘောလခဲမြို့နယ်တွင် နောက်ဆုံးအကြိမ် မဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ ကပ်ထားကြေညာ

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ဘောလခဲ မြို့နယ်တွင် နောက်ဆုံးအကြိမ် မဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကပ်ထားကြေညာခဲ့ရာ အောက်တိုဘာ ၁ ရက်နေ့မှစ၍ ၁၄ ရက်နေ့အထိ နောက်ဆုံးအကြိမ်အဖြစ် ၁၄ ရက် တိတိ ကပ်ထား ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

ဇေယျာသီရိမြို့နယ်၌ မွေးစမှ(၁)နှစ်ခွဲထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေး

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းကျေးရွာအုပ်စု၊ ရွှေတွင်းကုန်းကျေးရွာတွင် မွေးစမှ(၁)နှစ်ခွဲထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းကို ယနေ့ နံနက်ပိုင်းက ရာအိမ်မှူး ဦးခင်ဇော်ဝင်းနေအိမ်တွင် ပြုလုပ်ခဲ့သည်။
Subscribe to