ဇေယျာသီရိမြို့နယ်၌ မွေးစမှ(၁)နှစ်ခွဲထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေး

ဇေယျာသီရိ  အောက်တိုဘာလ    

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းကျေးရွာအုပ်စု၊ ရွှေတွင်းကုန်းကျေးရွာတွင် မွေးစမှ()နှစ်ခွဲထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းကို ယနေ့ နံနက်ပိုင်းက  ရာအိမ်မှူး ဦးခင်ဇော်ဝင်းနေအိမ်တွင် ပြုလုပ်ခဲ့သည်။         

ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျေးရွာ ကျန်းမာရေးတာဝန်ခံ ဆရာမဒေါ်သန္တာစိုး၊ ကျေးရွာရှိတာဝန်ရှိသူများ စုပေါင်း၍ ကျေးရွာအတွင်းရှိ မွေးစမှ အသက်()နှစ်ခွဲရှိ ကလေးငယ်ပေါင်း (၁ဝ)ဦးအား ပြင်းထန် အဆုတ်ရောင်ကာကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေးများ ထိုးပေးခြင်း၊ ဆေးတိုက်ကျွေးခြင်းနှင့်ကိုယ်ဝန်ဆောင်မိခင်()ဦးကိုလည်း မေးခိုင်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သဲစုလွင် (ဇေယျာသီရိပြန်/ဆက်)