ဘောလခဲမြို့နယ်တွင် နောက်ဆုံးအကြိမ် မဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ ကပ်ထားကြေညာ

ဘောလခဲ အောက်တိုဘာ ၂


၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ဘောလခဲ မြို့နယ်တွင် နောက်ဆုံးအကြိမ် မဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကပ်ထားကြေညာခဲ့ရာ အောက်တိုဘာ ၁ ရက်နေ့မှစ၍ ၁၄ ရက်နေ့အထိ နောက်ဆုံးအကြိမ်အဖြစ်  ၁၄ ရက်တိတိ ကပ်ထား ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါမဲဆန္ဒရှင်စာရင်းများကို ကပ်ထားကြေညာထားစဉ်အတွင်း မဲဆန္ဒရှင်များက လာရောက်ကြည့်ရှု ပြီး မိမိတို့အမည်စာရင်း ပါဝင်မှုရှိ/မရှိ စားရင်းပါအချက်အလက်များ မှားယွင်းနေပါက မဲဆန္ဒရှင်အမည် စာရင်း ကပ်ထားစဉ်အတွင်း ပြန်လည်ပြင်ဆင်ဖြည့်စွက်၊ ပယ်ဖျက်နိုင်ရန်အတွက်  ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် သတ်မှတ်ပုံစံများဖြင့် လျှောက်ထားရမည်ဖြစ်ကြောင်းနှင့် ဘောလခဲမြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း (၈၁၀၇)ဦးရှိကြောင်း သိရှိရသည်။
ဖိုးရယ်