မြောက်ဥက္ကလာပမြို့နယ် စည်ပင်လမ်းတံတားဌာနမှ ကိုဗစ်-၁၉ ကာလအတွင်း စားသောက်ရေး အဆင်ပြေစေရန် အလုပ်သမားများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း မြို့နယ်စည်ပင်လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိသည့် အလုပ်သမားများ စားသောက်ရေး အဆင်ပြေစေရန် အခြေခံ စားသောက်ကုန်များကို ရန်ကုန်တိုင်း ဒေသကြီး အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီ(၈)ရပ်ကွက်ရှိ အလုပ် သမားများနေထိုင်သည့် နေရာတွင် ယမန်နေ့ နံနက်ပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။

မင်းတပ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ မဲဆန္ဒရှင် စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာ

မင်းတပ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ အောက်တိုဘာလ(၁)ရက်နေ့မှစ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ(၃၀၆၂၇)ဦး၏ အမည်စာရင်းများ ကပ်ထားကြေညာလျှက် ရှိကြောင်းသိရသည်။

ပြည်ကြီးတံခွန်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးအတွက်အထူးရဲသင်တန်းဖွင့်လှစ်

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈) ရက်တွင် ကျင်းပမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ၌ လုံခြုံရေးဆောင်ရွက်မည့် အထူးရဲသင်တန်းကို ယမန်နေ့နံနက်ပိုင်းက မန္တလေးမြို့၊ ပြည်ကြီး တံခွန်မြို့နယ်ရှိ အထက(၂၇)ကျောင်း၌ ကျင်းပပြုလုပ်သည်။

ရေကြည်မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်အဖြစ် ကပ်ထားကြေညာ

ပုသိမ်ခရိုင် ၊ရေကြည်မြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင် စာရင်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ယမန်နေ့ နံနက် ပိုင်းကစတင်၍ အောက်တိုဘာ(၁၄)ရက်နေ့ထိ ကပ်ထားကြေညာ ထားမည်ဖြစ်ကြောင်းသိရသည်။

ရွှေဘိုခရိုင် ရေဦးမြို့နယ်အတွင်း အသက် ၈၀မှ၈၅နှစ် အတွင်းရှိ သက်ကြီးဘိုးဘွားများတွက် ထောက်ပံ့ငွေများပေးအပ်

စစ်ကိုင်တိုင်းဒေသကြီး ရွှေဘိုခရိုင်ရေဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် လူမှု၀န်ထမ်းဦးစီးဌာနက ရေဦးမြို့နယ်အတွင်းရှိ အသက် ၈၀ နှစ်မှ ၈၅ နှစ် ရှိ သက်ကြီးဘိုးဘွားများအတွက် ထောက်ပံ့သည့် ထောက်ပံ့ငွေများကိုသက်ဆိုင်ရာ တာဝန်ရှိ သူများက ရပ်ကျေးအုပ်ချုပ်ရေးမှုးများထံ ယနေ့ နံနက် ၁၀ နာရီကလွှဲပြောင်းပေး အပ်ခဲ့ကြ ကြောင်းသိရှိရသည်။

မြို့လှတွင် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ရောဂါ စီးပွားရေးကုစားမှု အစီအစဉ်(CERP)ဖြင့် ထောက်ပံ့ငွေ ပေးအပ်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မြို့လှမြို့တွင် အသက်(၈၀)နှစ်နှင့် (၈၅)နှစ်ကြား သက်ကြီး ဘိုးဘွား များအား ကိုဗစ်-၁၉ရောဂါ စီးပွားရေးကုစားမှု အစီအစဉ်(CERP)ဖြင့် ထောက်ပံ့ငွေကျပ် (၃၀၀၀ဝိ/)ကျပ်စီကို အောက်တိုဘာလ (၂)ရက် နံနက်ပိုင်းက လက်ဝယ်အရောက်ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းများအား PPE ဝတ်စုံ စနစ်တကျဝတ်ဆင်ရန် သင်ကြား လေ့ကျင့်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ Quarantine Center များတွင် ကူညီဆောင်ရွက်နေသော စေတနာ့ဝန်ထမ်းများအား လုပ်ငန်းအဆင်ပြေချောမွေ့ စေရန်နှင့် မိမိကိုယ်ကို ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ စေတနာ့ ဝန်ထမ်းများအား PPE ဝတ်စုံ စနစ်တကျ ဝတ်ဆင်ရန် ချွတ်နည်းနှင့် စွန့်ပစ်နည်း သင်ကြား လေ့ကျင့်ပေးခြင်းကို ယမန်နေ့ နေ့လယ်(၁)နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRCမှ ကျောက်မဲမြို့နယ်ရှိ ပရဟိတအသင်းများအတွက် အရေးပေါ် လူနာတင်ယာဉ် သုံးပစ္စည်းများ ထောက်ပံ့လှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲမြို့နယ်အတွင်းရှိ ပရဟိတ အသင်း ၅ သင်းအတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီICRC မှ ထောက်ပံ့ ပေးပို့လာသောအရေးပေါ် လူနာတင် ပစ္စည်းများကို ကျောက်မဲ မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ပရိဟိတ အသင်းများသို့ ယနေ့နံနက် ၁၀ နာရီအချိန်က ကြက်ခြေနီ အသင်း ခွဲရုံးတွင် ပြန်လည်ထုတ်ပေးခဲ့သည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံများလုံခြုံရေးအတွက် အထူးရဲများ သင်တန်းဖွင့်လှစ်

သာပေါင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲရုံများလုံခြုံရေးအတွက် ခန့်အပ်ထားသော အထူးရဲများအား သင်တန်းဖွင့်လှစ်ပို့ချခြင်းကို အောက်တိုဘာလ ၁ ရက် နေ့ နံနက် ၉ နာရီအချိန်ခန့်က အထက သာပေါင်းကျောင်းရှိ သော်ကဆောင် အစည်းအဝေးခန်းမ တွင် ပြုလုပ်ခဲ့သည်။

မိတ္ထီလာမြို့နယ်အတွင်းရှိကျေးရွာ ၁၇ ရွာတွင်( VRFP) စီမံကိန်းရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာ (၁၇)ရွာတွင် Village Revolving Fund Project(VRFP) စီမံကိန်းရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
Subscribe to