ကိုဗစ်ကာလဝန်ထမ်းများအား အာဟာရနှင့်ဆေးဝါးများ ထောက်ပံ့ပေးအပ်

သန်လျင်  အောက်တိုဘာ  ၂

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် စည်ပင်သာယာရေးကော်မတီကဝန်ထမ်းများအား အာဟာရနှင့် ဆေးဝါးများ ထောက်ပံ့ပေးအပ်ပွဲကိုယမန်နေ့နံနက်တွင် မြို့နယ်စည်ပင်သာယာရေး အဖွဲ့ရုံး၌ကျင်းပ သည်။

အဆိုပါပေးအပ်ပွဲတွင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဌာနအသီးသီးမှဝန်ထမ်းများအား အာဟာရကြက်ဥ၊ ဌက်ပျောသီးနှင့် အန်နာဗွန်စီဆေးဝါးများကိုမြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဌဦးရဲမြင့်နှင့် ကော်မတီဝင်များ၊  အမှုဆောင်အရာရှိဒုတိယညွန်ကြားရေးမှူး ဦးသိုက်စိုးနှင့်ဌာနတာဝန်ခံများက အသီးသီးပေး အပ်ကြ သည်။

သန်လျင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အနေဖြင့်ကိုဗစ်ကာလဖြစ်သော်လည်း မြို့သန့်ရှင်းသာယာလှပရေး၊   စည်းကမ်းထိန်းသိမ်း ရေးနှင့်သန့်ရှင်းရေးလုပ်ငန်းများအား ဆောင်ရွက်နေရခြင်း ကြောင့်ဝန်ထမ်းများအား ကိုဗစ်အန္တရယ်ကာကွယ်နှိုင်ရေးအတွက် ကာကွယ်ရေးပစ္စညိးများ၊ နှာခေါင်းစည်း(Mask)များ၊ လက်သန့် ဆေးရည်များ  ပံ့ပိုးပေးထားပြီးအဓိကသန်လျင်မြို့နယ် အတွင်းဖွင့်လှစ်ထားရှိသော ကိုဗစ်အသွား အလာကန့် သတ်ရေး စခန်းအသီးသီးရှိသန့်ရှင်းရေး  လုပ်ငန်းများကိုဦးစားပေးဆောင်ရွက်ပေး လျက်ရှိကြောင်းသိရသည်။

 သန်းဝင်း(သန်လျင်)