ကျောက်မဲမြို့နယ်၌ အသက် ၈၀ နှင့် ၈၅ နှစ် အတွင်းရှိ ဘိုးဘွားများအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊‌ ကျောက်မဲမြို့နယ်၊ အမှတ် ၁ ရပ်ကွက် အတွင်းရှိ အသက် အသက် ၈၀ နှင့် ၈၅ နှစ် အတွင်းရှိ ဘိုးဘွား ၄၉ ဦးတို့ အတွက်လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ ဘိုးဘွား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၃၀,၀၀၀)နှုန်းဖြင့် ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းကြိုင်မြင့်နှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာ ဘိုးဘွားများထံသို့ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း သိရသည်။

ဇေယျာသီရိမြို့နယ်အတွင်းရှိ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာထားရှိမှုအား ကြည့်ရှုစစ်ဆေး

ဇေယျာသီရိမြို့နယ်၊ ရေဆင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး၌ ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်း ကပ်ထားကြေညာထားရှိမှုအား ယနေ့နံနက် ၁၁ နာရီခွဲအချိန်က နေပြည်တော်ကောင်စီဝင် ဦးညီထွန်း ၊ ပြည်ထောင်စု နယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးသိန်းထွေး နှင့် တာဝန်ရှိသူများက ကြည့်ရှု စစ်ဆေး ခဲ့သည်။

နမ့်ဆန်၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး ကျေးရွာများသို့ကွင်းဆင်း၍ အသိပညာပေး နံရံကပ်စာစောင်များ၊ လက်ကမ်းစာစောင်များဖြန့်ဝေ

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မြို့နယ်ကြက်‌ခြေနီအသင်းခွဲက ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် ကျေးရွာရှိမိဘပြည်သူများ လိုက်နာ သိရှိနိုင်အောင် အသိပညာပေး နံရံကပ် ပိုစတာများ၊ လက်ကမ်းစာစောင်များကို ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်(၁၀)နာရီခန့်က နမ့်ဆန်မြို့နယ် တောင်ကျော် (အောက်)၊ တောင်ကျော်(ထက်) ကျေးရွာသို့ ကွင်းဆင်း လှုပ်ရှားဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

တွန်းဇံ၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ သက်ကြီးရွယ်အိုများအား ထောက်ပံ့ငွေများ ထောက်ပံ့ပေး

ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ(၂)ရေက်နေ့ နံနက်(၁၁)နာရီအချိန်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစုးမှု အစီအစဉ်အရ သက်ကြီးရွယ်အိုများအား ထောက်ပံ့ငွေများ ထောက်ပံ့ပေး လျက်ရှိသည်။

ဘိုကလေးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အတွင်း သဘာဝဘေးသင့် အိမ်ထောင်စု (၁၉)စုနှင့် မိုးကြိုးဘေးသင့်သူ(၇)ဦးအတွက် ကူညီထောက်ပံ့ပေးအပ်နိုင်ခဲ့

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းမှ သဘာဝဘေးသင့် ပြည်သူများအား အချိန်နှင့်တပြေးညီ ကူညီထောက်ပံ့ပေးလျက်ရှိရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဘိုကလေးမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် မီးဘေး(၄)ကြိမ်၊ လေဘေး(၅)ကြိမ်၊ ကမ်းပြိုဘေး(၁)ကြိမ်နှင့် မိုးကြိုးဘေး (၅)ကြိမ်တို့တွင် ဘေးသင့်အိမ်ထောင်စု စုစုပေါင်း(၁၉)စုနှင့် မိုးကြိုးဘေးသင့်သူ(၇)ဦးအား ကူညီထောက်ပံ့ပေးနိုင်ခဲ့သည်။

ရွှေကူမြို့နယ်၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများ၏ အမည်စာရင်း များအား ဒုတိယအကြိမ်အဖြစ် အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ကပ်ထားကြေညာခြင်းများ ဆောင်ရွက်လျက်ရှိသည်။

မအူပင်မြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်(ဒုတိယအကြိမ်) မဲဆန္ဒရှင်စာရင်းကြေညာ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် အသက် ၁၈ နှစ်ပြည့်ပြီးသည့် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်းအတွက် ဒုတိယအကြိမ် နောက်ဆုံးမဲဆန္ဒရှင်စာရင်း များကို အောက်တိုဘာ ၁ ရက်နေ့ကစတင်ပြီး မအူပင်မြို့နယ် မြို့ပေါ်ရပ်ကွက် ၁၂ ရပ်ကွက်၊ ကျေးရွာအုပ်စု ၇၆ အုပ်စု၊ စုစုပေါင်း ၈၈ အုပ်စုတွင် ရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲဝင်များက ကြေငြာကပ်ထားကြောင်း သိရသည်။

သိန္နီ၌ အထူးရဲသင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံလုံခြုံရေးဆောင်ရွက်မည့် အထူးရဲသင်တန်းကို သိန္နီမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယမန်နေ့နံနက် ၇ နာရီ ၃၀ မိနစ်အချိန်ခန့်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ် လမိုင်းမြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များအား ပဉ္စမအကြိမ် ထောက်ပံ့ငွေပေးအပ်

မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့တွင် COVID -19 ရောဂါ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိ သောအခြေခံလူတန်းစားများ မိသားစုစားဝတ်နေရေး အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ နိုင်ငံတော် အစိုးရမှ ထောက်ပံ့သည့် ပဉ္စမအကြိမ် ထောက်ပံ့ငွေများကို ယနေ့ နံနက်ပိုင်းက ထောက်ပံပေးအပ်ခဲ့သည်။
Subscribe to