မူဆယ်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံအဝင်/အထွက်ဂိတ် မန့်ဝိန်းဂိတ်အနီး၌ ကုန်တင်ယာဉ်မောင်းများ အချိန် ကြာမြင့်စွာစောင့်ဆိုင်းနေရပြီး အခက်အခဲမျိုးစုံရင်ဆိုင်ကြုံတွေ့နေရ

 

မူဆယ်    အောက်တိုဘာ ၂

ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားခင်ကာလ၌ မြန်မာ-တရုတ်နှစ်နိုင်ငံ၊ နယ်စပ်ကုန်သွယ်စီးဆင်းမှုသည် သွင်းကုန်/ ပို့ကုန်ယာဉ်စုစုပေါင်း()ထောင်နီးပါးခန့်ဖြင့် ကုန်သွယ်စီးဆင်းလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါဖြစ် ပွားပြီး ဧပြီလ၊ ပထမပတ်မှ စတင်၍ ရောဂါကင်းစင်သည့် တရုတ်နိုင်ငံဘက်က ယာဉ်မောင်းစုစုပေါင်း(၃၀)ခန့်ဖြင့် ယာဉ်မောင်း လဲလှယ်ခြင်းစနစ်ကြောင့် ကုန်တင်ယာဉ် အဝင်/အထွက် ကျန့်ကြာခြင်း၊ တရုတ်နိုင်ငံ၊ ကျယ်ဂေါင် ကားကြီးကွင်း၌ ယခင်ကုန်တင်ကုန်ချအလုပ်သမားစုစုပေါင်း(၅၀၀)ခန့်ဖြင့် ကုန်တင်ကုန်ချပြုလုပ် လျက်ရှိရာ ကိုဗစ်-၁၉ရောဂါ ကာလ၌ တရုတ်နိုင်ငံဘက်က ပိုမိုတင်းကြပ် လာခြင်းကြောင့် လက်ရှိတွင် ကုန်တင် ကုန်ချ အလုပ်သမား စုစုပေါင်း(၁၀၀)နီးပါးခန့်နှင့်သာ ကုန်တင်ကုန်ချပြုလုပ်ခြင်းတို့ကြောင့် နှစ်နိုင်ငံ ကုန်သွယ် စီးဆင်း မှုကျဆင်း လာခြင်းဖြစ်ကြောင်း ကုန်သည် များ၏ ပြောကြားချက်အရသိသည်။

ကုန်တင်ယာဉ်မောင်းများအခက်အခဲမျိုးစုံရင်ဆိုင်ကြုံတွေ့နေရ

ယခင်အတိုင်းနှစ်နိုင်ငံသွယ်စီးဆင်းမှုပုံမှန်ဖြစ်လာနိုင်ရန်အတွက် တရုတ်နှစ်နိုင်ငံဘက်မှ ပိုမိုတင်းကြပ် လာသည့် ယာဉ်မောင်းလဲလှယ်စနစ်နှင့် ကုန်တင်ကုန်ချအလုပ်သမားများကို ဖြေလျော့ပေးရန် လိုအပ်ပြီး အဆိုပါ တင်းကြပ်မှု များကြောင့် မြန်မာယာဉ်မောင်းအလုပ်များလည်း အခက်အခဲမျိုးစုံ ရင်ဆိုင်ကြုံ တွေ့နေရသည်။

အရင်အတိုင်းပဲ ကျယ်ဂေါင်ဘက်ကို ကိုယ်တိုင်မောင်းနှင်ဝင်ရောက်ပြီးမှ ကိုယ်တင်ချင်တဲ့ ကုန်ပစ္စည်းတွေ တင်ချင်တယ်၊ အခုဟာက ယာဉ်မောင်းလဲလှယ်စနစ်ကြောင့် ကျယ်ဂေါင်ဘက်ကနေ ကိုယ့်ယာဉ်ပေါ်မှာ တင်ဆောင်လာတဲ့ ကုန်ပစ္စည်းအမျိုးအစားလည်းမသိရဘူး၊ (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှာ ကျူတီဆောင်တဲ့ အခါမှ ကိုယ့်ကားပေါ်မှာ ပါလာတဲ့ ကုန်ပစ္စည်းအမျိုးအစားတွေကို သိရတယ်၊ တစ်ချို့ကားတွေဆို ကျယ်ဂေါင်ဘက်ကနေ ပြန်ထွက်လာတဲ့အခါမှာ ကားဘက်မှန်ကွဲတာတွေရှိတယ်၊ ကိုယ့်ကား တစ်ခုခုဖြစ် သွားရင်း လည်း တာဝန်ခံမှု၊ တာဝန်ယူမှုတွေလည်းမရှိဘူး၊ ကျွန်တော်တို့ဘက်က နစ်နာမှုတွေ အရမ်းများ တယ်လို့ ကုန်တင်ယာဉ်မောင်းကိုပန်းမောင်က ပြောကြားသည်။

ကျယ်ဂေါင်ဘက်မှ ပြန်လည်ထွက်ခွာလာမည့် မိမိယာဉ်အားနေ့စဉ်စောင့်ဆိုင်းနေရ

တရုတ်နိုင်ငံဘက်သို့ ဝင်ရောက်မည့်ကုန်တင်ယာဉ်များကို နှစ်နိုင်ငံအဝင်/အထွက်ဂိတ်ဖြစ်သည့် မန့်ဝန်းဂိတ်၌ တရုတ်နိုင်ငံယာဉ်မောင်းများက လဲလှယ်မောင်းနှင်သွားပြီးနောက် ကျယ်ဂေါင်ဘက်မှ မိမိကုန်တင် ယာဉ်အား ပြန်လည်ထွက်ခွာလာမည့် အချိန်နှင့် ရက်အတိအကျမသိရသည့်အတွက် မြန်မာကုန်တင်ယာဉ်မောင်းများက မန့်ဝင်းဂိတ်အနီးတွင် နေ့စဉ်စောင့်ဆိုင်းနေရသည်။ကျွန်တော်တို့ ကုန်တင်  ယာဉ်ပေါ်မှာ တင်ဆောင်မယ့် ကုန်ပစ္စည်းတွေဟာ တရုတ်နိုင်ငံ၊ ကျယ်ဂေါက်ဘက်မှာ အဆင်သင့်ရှိရင် နောက်နေ့မှာ ချက်ချင်းဆိုသလို ပြန်ထွက်လာပြီ၊ တစ်ချို့ကုန်တင်ယာဉ်တွေက ကျယ်ဂေါင် ဘက်မှာ ကုန်တင်မယ့် ကုန်ပစ္စည်းမရှိရင် တစ်ပတ် နီးပါးခန့်လည်း စောင့်ဆိုင်းနေရတယ်လို့ ကုန်တင်ယာဉ်မောင်းဦးဝင်းအောင်က ပြောကြားသည်။

တရုတ်နိုင်ငံ၊ ကျယ်ဂေါင်ဘက်မှ ပြန်လည်ထွက်ခွာလာမည့် ကုန်တင်ယာဉ်များ၏ အနှေး/အမြန်သည် ကျယ်ဂေါင်ဘက်ရှိ ကုန်ပစ္စည်းအပေါ်မူတည်နေပြီး မြန်မာဘက်ခြမ်း၊ မူဆယ်မြို့၌ စောင့်ဆိုင်း နေကြရသည့် မြန်မာကုန်တင်ယာဉ်မောင်းများသည် စားဝတ်နေရေးအခက်အခဲများနှင့် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီနေထိုင်သွားလာရန် အခက်အခဲမျိုးစုံ ရင်ဆိုင်ကြုံ တွေ့နေရသည်။

ရှမ်းပြည်နယ်အတွင်းသို့ ကုန်တင်ယာဉ်များ ဝင်/ထွက်သွားလာမှုနှင့်ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရက ကြေညာချက်ထုတ်ပြန်

ဆက်လက်ပြီး ကိုဗစ်-၁၉ရောဂါကူးစက်ပျံ့နှံ့မှုများကြောင့် လတ်တလောကာလအတွင်း ကုန်တင်ယာများ သွားလာမှုနှင့် ပတ်သက်၍ အချို့တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ မြို့ဝင်/ထွက်ဂိတ်များတွင် စစ်ဆေးမှု များဆောင်ရွက်ခြင်း၊ ဖြတ်သန်းသွားလာခွင့်မပြုခြင်း၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ လဲလှယ် မောင်းနှင် စေခြင်းများကြောင့် ယာဉ်များကြာမြင့်စွာ ရပ်တန့်ထားရပြီး ကုန်စည်စီး ဆင်းမှုဖြတ် တောက်သွားနိုင်သည့် အခြေအနေဖြစ်ပေါ်လျက်ရှိကြောင်း စိစစ်တွေ့ရှိရသဖြင့် ကုန်တင်ယာဉ်များ ဆင်ပြေချောမွေ့စွာသွားလာနိုင်ရေးနှင့် ကုန်စည်စီးဆင်းမှု ပြတ်တောက်မှုမရှိစေရေးအတွက် ရှမ်းပြည် နယ် အတွင်းရှိ ကုန်တင်ယာဉ်များအား အောက်တိုဘာလ()ရက်နေ့မှ (၁၄)ရက်နေ့အထိ အခြား တိုင်းဒေသကြီး /ပြည်နယ်များသို့ ထွက်ခွာခွင့်ခေတ္တရပ်နားထားရန်နှင့် ရှမ်းပြည်နယ်အတွင်းသို့ အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကုန်တင်ယာဉ်များဖြတ်သန်းသွားလာပါက ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ()ပတ် အတွင်း ထုတ်ပေးထားသည့် ကိုဗစ်-၁၉ရောဂါ ကင်းရှင်း ကြောင်း ထောက်ခံချက်ပါရှိမှသာလျှင် ဝင်ရောက်ဖြတ်သန်းခွင့်ပြုသွားမည်ဟု ရှမ်းပြည်နယ် အစိုးရ က ထုတ်ပြန်ကြေညာထားသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)