ပုံပါကျင်မြို့တွင် မဲဆန္ဒှရှင်စာရင်းများ ထုတ်ပြန်ကြေညာ

ပုံပါကျင်  အောက်တိုဘာ  

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ()ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို နောက်ဆုံးအကြိမ်အဖြစ် ယမန်နေ့ နံနက်ကစတင်၍ သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ထုတ်ပြန် ကြေညာထားကြောင်း သိရသည်။

ကျွန်တော်တို့ ပုံပါကျင်မြို့အနေနဲ့ကတော့ အခုအကြိမ် မဲစာရင်းကို ပြောင်းရွှေ့လာတဲ့ ဝန်ထမ်းတွေနဲ့ ပထမတစ်ခေါက်က စာရင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ကျန်ခဲ့တဲ့သူတွေလောက်ပဲ လာကြည့်ကြပါတယ်၊ နောက်တစ်ခုက တယ်လီဖုန်းကတစ်ဆင့် ကြည့်ရှုလို့ရနေပြီလို့ပြောတဲ့အတွက် တစ်ချို့က စမ်းပြီးကြည့်ကြတယ် ၊ကျွန်တော်ကတော့ ပိုသေချာအောင် မဲစာရင်းစာရွက်မှာ လာကြည့်တာပါဟု အမှတ်()ရပ်ကွက် မဲဆန္ဒရှင်စာရင်း လာရောက်ကြည့်ရှုသူတစ်ဦးက ပြောကြားသည်။

၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ()ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် အချက်အလက်များ မှားယွင်းနေပါက ပုံစံ-()ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်း၊ ဆန္ဒမဲစာရင်းတွင်  မိမိအမည်မပါရှိပါက ပုံစံ- ဖြင့် အမည်ထည့်သွင်းရန်တောင်းဆိုခြင်း ၊အခြားဒေသမှလာရောက်နေထိုင်သူများအနေဖြင့် ပုံစံ-(က)ဖြင့် လျှောက်ထားခြင်း၊ မဲစာရင်းတွင် ပါဝင်ရန်မသင့်သူများပါဝင်နေပါက  ပုံစံ-၄ဖြင့် ကန့်ကွက်ခြင်းများကိုလျှောက်ထား လာသူများ ရှိပါက သက်ဆိုင်ရာတာဝန်ရှိသူများ မှ ပြန်လည်စိစစ်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မဲဆန္ဒရှင် စာရင်းများ လာရောက်ကြည့်ရှုရန်အခက်အခဲရှိပါက မဲဆန္ဒရှင်စာရင်းကြည့်ရှုစစ်ဆေးသည့် Web Application  ဖြစ်သော  findyourpollingstation.uec.gov.mm တွင် ကြည့်ရှုစစ်ဆေးနိုင်သည့်အပြင် mobile application ဖြစ်သော findyourpollingstation.apk ကို download ရယူပြီး မဲစာရင်းတွင် မိမိအမည်ပါမပါ ကြည့်ရှု စစ်ဆေးကြရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မေတ္တာရပ်ခံတိုက်တွန်းနှိုးဆော်ထားကြောင်းနှင့် မဲစာရင်းများကို အောက်တိုဘာလ()ရက်နေ့မှ (၁၄)ရက်နေ့အထိ နောက်ဆုံးအကြိမ် ကြေညာသွားမည် ဖြစ်ကြောင်း သိရသည်။

စန္ဒီ(ပြန်/ဆက်)