ကိုကိုးကျွန်းမြို့နယ်တွင် အသက် ၈၀ မှ ၈၅ နှစ်အထိ ဘိုးဘွားများအား ထောက်ပံ့ကြေးပေးအပ် 

ကိုကိုးကျွန်း အောက်တိုဘာ ၂

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကိုကိုးကျွန်းမြို့နယ်အတွင်းရှိ အသက် ၈၀ မှ ၈၅ နှစ်အထိ ဘိုးဘွားများအား ကိုဗစ်ကာလအတွင်း နိုင်ငံတော်မှထောက်ပံ့အပ်သော ထောက်ပံ့ငွေကျပ် ၃၀,၀၀၀ အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးဒေါ်မိုးမိုးအေးသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်(၁၀) နာရီတွင် ဘိုးဘွားများ၏ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်းသိရသည်။

ထောက်ပံ့ငွေပေးအပ်သော ဘိုးဘွားဦးရေမှာ (၆)ဦးဖြစ်ကြောင်းသိရပြီး ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ် အရ အသက်(၈၀)ပြည့်ပြီး အသက်(၈၅)နှစ်မပြည့်သော သက်ကြီးရွယ်အို (၂၈၅,၅၉၂) ဦးကို တစ်ဦးလျှင် ငွေကျပ် ၃၀,၀၀၀ နှုန်းဖြင့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်းလည်းသိရသည်။

ကိုကိုးကျွန်း(ပြန်/ဆက်)