မရမ်းကုန်း အောက်တိုဘာ ၂
ကိုဗစ် -၁၉ရောဂါဖြစ်ပွားနေစဥ်ကာလအတွင်းရန်ကုန်အနောက်ပိုင်းခရိုင် ၊မရမ်းကုန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက စီးပွားရေးကုစားမှုအစီအစဥ်အဖြစ်အသက် (၈၀)ပြည့်ပြီး အသက် (၈၅)နှစ်တင်းတင်းမပြည့်သေးသည့်သက်ကြီးရွယ်အိုများအတွက်တစ်ဦးလျှင် (၃၀၀၀၀)ကျပ်နှုန်းဖြင့်ထောက်ပံငွေပေးအပ်ခြင်းဆောင်ရွက်ခဲ့သည်။
အဆိုပါထောက်ပံ့ငွေများအား မြို့နယ်အုပ်ချုပ်ရေးမှူးဦးထွန်းချစ်ကမြို့နယ်အတွင်း (၁၀)ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံသို့လွှဲပြောင်းပေးအပ်ခဲ့ပြီးထောက်ပံ့သည့် သက်ကြီးရွယ်အိုဦးရေမှာစုစုပေါင်း (၁၀၉၈)ရှိပြီးထောက်ပံ့ပေးအပ်ငွေစုစုပေါင်း (၃၂၉၄၀၀၀၀)ကျပ်ဖြစ်ကြောင်းသိရသည်။
အေးအေးအောင် (ပြန်/ဆက်)