မိုင်းပျဉ်း အောက်တိုဘာ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ၊နိုဝင်ဘာလ ၈ရက်နေ့ တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒနယ်မြေအလိုက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ၏ စာရင်းများအား နောက်ဆုံးအကြိမ်အဖြစ် အောက်တိုဘာလ ၁ရက်နေ့ နံနက်ပိုင်းမှစတင်၍ ကပ်ထားကြေငြာပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ကပ်ထာထားကြေငြာရာတွင် လာရောက်ကြည့်ရှုသူ ပြည်သူများအနေဖြင့် မိမိအမည် မဲစာရင်းတွင် မပါဝင်ပါက ပုံစံ(၃) ဖြင့်ထည့်သွင်းပေးရန်တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်ပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း နှင့် မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြန်လည် စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အသက်(၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင် ခွင့်ရှိ သူတိုင်း မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် မဲစာရင်းများ လာရောက်ကြည့်ရှုကြရန်နှင့် အဆိုပါ မဲစာရင်းများအား အောက်တိုဘာ(၁)ရက်နေ့မှ (၁၄) ရက်နေ့အထိ နောက်ဆုံးအကြိမ်အဖြစ် ကပ်ထားကြေငြာပေးသွား မည်ဖြစ် ကြောင်းသိရသည်။
မိုင်းပျဉ်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ အုပ်စု(၃၁) အုပ်စုရှိပြီး စုစုပေါင်းမဲရုံ (၅၅)ရုံ ၊ မဲဆန္ဒရှင်စုစုပေါင်း (၄၃၉၂၆)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှသိရသည်။
မေမွန်ထွဋ်၊ ပြန်ဆက်