ကဝမြို့နယ်၌ ရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန် ထမ်းဆောင်မည့် အထူးရဲ (၁၆၉) ဦးအား ခန့်အပ်၍ သင်တန်းပို့ချ

ကဝ အောက်တိုဘာ ၂

ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊ကဝမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ၊ နိုင်ဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့်  ပါတီစုံ ဒီမိုကရေစီ အထွေထွရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင် ပြည်သူများ လုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ မဲရုံအသီးသီး၌ လုံခြုံရေးတာဝန်ထမ်းဆောင်ရမည့် အထူးရဲ (၁၆၉) ဦးကို ခန့်အပ်၍ လုံခြုံရေးတာဝန် အပြည့် ထမ်းဆောင်နိုင်စေရန်အောက်တိုဘာလ(၁)ရက်နေ့မှ (၂၈)ရက်နေ့ အထိ သင်တန်းပို့ချ ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

ကဝမြို့နယ်တွင် ရပ်ကွက် (၁၂)ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၉၁)အုပ်စုအတွင်း မဲရုံ(၁၆၉)ရုံ အတွက် အထူးရဲ (၁၆၉)ဦးတို့အား မဲရုံအသီးသီးတွင် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ဖလေးကျေးရွာရှိ ကျိုက်မက်ကော်စေတီတော်ရင်ပြင်၊ အုန်းနှဲကျေးရွာရှိ ဓမ္မသီရိ ဘုန်းတော်ကြီး ကျောင်း၊ အုန်းနှဲရဲစခန်း၊ ကဓါတ်စိန်ရဲစန်း၊ သက္ကလအသင်း ရဲစခန်းဝင်း၊သက္ကလ ရဲကင်းစခန်းနှင့် အောင်နိုင်ကျေးရွာ အ-မ-ကကျောင်းတို့တွင်  စခန်းသွင်းလေ့ကျင့်သင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။

ချစ်နှင်းသုန်(ပြန်/ဆက်)