ဟိုပန်မြို့၌ ရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းဖွင့်

ဟိုပန်            အောက်တိုဘာ         

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၌ ၂၀၂၀ပြည့်နယ် နိုဝင်ဘာလ() ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုအရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံများ၌ လုံခြုံရေး တာဝန်များထမ်းဆောင်ကြမည့် အထူးရဲ(၄၃)ယောက်ကို အောက်တိုဘာလ()ရက်နေ့မှ (၂၈) ရက် နေ့အထိ ဟိုပန်ခရိုင် ရဲတပ်ဖွဲ့မှူးရုံး၌ သင်တန်းပို့ချလျက်ရှိသည်။

အဆိုပါအထူးရဲသင်တန်းတွင် ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ကျင့်ကြံလိုက်နာရမည့် စည်းကမ်း ဥပဒေ များ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေရေးရာများကို စာတွေ့လက်တွေ့နှင့် စစ်ရေးပြသင်ခန်းစာများ ပို့ချ သွားမည်ဖြစ်သည်။ 

မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲများကို အောက်တိုဘာလ()ရက် နေ့မှ နိုဝင်ဘာ(၁၅)ရက်နေ့အထိ ခန့်အပ်တာဝန်ပေးအပ်သွား မည်ဖြစ်ကြောင်းနှင့် အထူးရဲတစ်ဦး လျှင် လစာတစ်လစာ တစ်သိန်းလေးသောင်းလေးထောင်ကျပ်နှင့် ရိက္ခာတစ်ရက် တစ်ထောင် ရှစ်ရာကျပ်နှုန်း ပေးအပ်သွားမည်ဖြစ်ကြောင်း ဒုခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်စိုးထံမှ သိရှိရသည်။

ခရိုင်(ပြန်/ဆက်)