မိုင်းနောင် အောက်တိုဘာ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့ ၊ ကျင်းပမည့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင် စာရင်းများကို မြို့အတွင်းရှိ ရပ်ကွက်/ ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ အောက်တိုဘာလ(၁)ရက်နေ့ နံနက်ပိုင်းမှစတင်၍ အောက်တိုဘာ(၁၄)ရက်နေ့ထိ ကပ်ထားကြေညာထားမည် ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ မဲစာရင်းကို ပထမအကြိမ် မဲစာရင်းကြေညာစဉ်က တောင်းဆို၊ ကန့်ကွက်၊ ပြင်ဆင်ခြင်းများအား ဖြည့်စွက်ပြီး မဲဆန္ဒရှင်စာရင်းအားလုံးကို နောက်ဆုံးအကြိမ်အဖြစ် ယခုပြန်လည်ကြေညာခြင်းဖြစ်၍ ပြည်သူများအနေဖြင့် လာရောက်ကြည့်ရှု စစ်ဆေးပြီး မိမိစာရင်း မပါဝင်ပါကပုံစံ(၃)ဖြင့်လည်းကောင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါကပုံစံ(၄)ဖြင့် လည်းကောင်း၊ အချက်အလက်များမှားယွင်း နေပါက ပုံစံ(၄-ဂ)ဖြင့်လည်းကောင်း လျှောက်ထားပြင်ဆင်ဆောင်ရွက်နိုင်ကြောင်းနှင့် လိုအပ်သည့်လျှောက်လွှာပုံစံများကို သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စု ရွှေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ရယူနိုင်ကြောင်း သိရှိရသည်။
မိုင်းနောင် ပြန်/ဆက်